တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အသစ် စတင်ပြေးဆွဲ

Fri, 12/27/2019 - 08:29 -- admin_ygn

     Myanmar Airways International (MAI) ၏တောင်ကိုရီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုက် ရိုက်လေကြောင်း ပျံသန်းမှုခရီးစဉ် (ရန်ကုန်-အင်ချွန်း-ရန်ကုန်) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် စတင်ပျံသန်း ပြေးဆွဲလျက်ရှိပြီဖြစ်သည်။ ယခင်က တောင်ကိုရီးယား-မြန်မာ တိုက်ရိုက် လေကြောင်း ခရီးစဉ်အား Korean Air လေကြောင်းလိုင်းတစ်ခုတည်းကသာ ဈေးကွက်ကို အုပ်စိုးခဲ့သော်လည်း MAI အနေဖြင့် ပိုမိုကောင်းမွန်သော ဝန် ဆောင်မှုများဖြင့် ဆောင်ရွက်မည်ဖြစ် သည့်အတွက် ၎င်း၏ပြိုင်ဘက်ဖြစ် သော Korean Air ကို ယှဉ်ပြိုင်နိုင်၍ လုပ်ငန်းအောင်မြင်ရန် ယုံကြည်မှု အပြည့်ရှိကြောင်း သိရှိရသည်။ မြန်မာ့ လေကြောင်းလိုင်းဖြစ်သောMAI သည် လက်ရှိတွင် ရန်ကုန်- အင်ချွန်း-ရန်ကုန် ခရီးစဉ်အား တစ်ပတ်လျှင် လေးရက် နှုန်းဖြင့် အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပျံသန်း ပြေးဆွဲပေးလျက်ရှိသည်။
       မြန်မာနိုင်ငံ၌ Korean -Myanmar Industrial Complex အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းကြောင့် တောင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသူများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာသည့် အတွက် ခရီးသည်အသွား အလာ ပိုမို များပြားလာကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီး ယား နိုင်ငံမှမြန်မာနိုင်ငံသို့ ခရီးသွား လာမှုသည် ၁၂ ရာခိုင်နှုန်း ပိုမိုလာခဲ့ ကြောင်း၊ မြန်မာနိုင်ငံသို့ တောင်ကိုရီး ယားခရီးသည် ၇၄၀ဝ၀ ခန့် အဝင်ရှိခဲ့ ကြောင်း၊ တရုတ်နိုင်ငံပြီးလျှင် ဒုတိယ ခရီးသည် ဝင်ရောက်မှုအများဆုံး ဖြစ် လာကြောင်း MAI ၏Deputy Chief of Operation ဖြစ်သူ ဦးဘိုသူရမှ တောင် ကိုရီးယားနိုင်ငံ၊ Litte Hotel ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြုလုပ်ခဲ့ သော The Korea Time နှင့် Interview တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားမှ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်မည့်သူများ အနေဖြင့်  အင်ချွန်းလေဆိပ်မှ  ညဉ့် အချိန်တွင် ခရီးစတင် ထွက်ခွာမည်ဖြစ် သည့်အတွက် ရန်ကုန်မြို့သို့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ရန်ကုန် မြို့၌ တစ်ရက်တာတည်းခိုရန် အချိန်နှင့် ငွေထပ်မံကုန်ကျရန်မလိုဘဲ မြန်မာပြည် တွင်း သွားရောက်လည်ပတ်လိုသည့် နေရာများသို့ ပြည်တွင်းလေကြောင်း လိုင်းဖြင့် ဆက်လက်သွားရောက်နိုင် မည့် Korean Air လိုင်းတွင် မရနိုင်သော အားသာချက်ကို MAI မှ ဝန်ဆောင်မှု ပေးနိုင်ပါကြောင်း၊ Air KBZ သည် MAI နှင့် မိခင်ကုမ္ပဏီတူသည့် ပြည်တွင်း လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ၏ အထင်ကရနေရာ ၁၈ ခုသို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တွင် မဟာဗျူဟာကျစွာ တည်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်စုံသည့်နေရာဒေသတစ်ခုဖြစ်ပါကြောင်း MAI မှပြောကြားခဲ့သည်။
     ဈေးကွက် အခြေအနေကို သုံးလမှ ခြောက်လကာလအတွင်း စမ်းသပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုအပ်ချက် ပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်မှု နည်းဗျူဟာများကိုလည်း အခြေအနေ နှင့်လိုက်လျောညီထွေစွာ ပြုပြင် ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဥပမာ အားဖြင့် ကိုရီးယားလေယာဉ်အမှုထမ်း များ ငှားရမ်းဖြည့်တင်းခြင်း၊ ကိုရီးယား အစားအစာများဖြင့် လေယာဉ် ပေါ်တွင် ဧည့်ခံခြင်း စသည်တို့ဖြစ်ပါကြောင်း၊ MAI အနေဖြင့် မြန်မာ-တောင်ကိုရီး ယား တိုက်ရိုက်လေကြောင်းလိုင်း ဈေး ကွက်အား ဈေးကွက်အခိုင်အမာရရှိနှင့် ပြီးဖြစ်သည့် Korean Air လေကြောင်းလိုင်းနှင့်ယှဉ်ပြိုင်ဆောင်ရွက်ရန် ယုံကြည်ချက် အပြည့်အဝရှိသည် ဖြစ်သော်လည်း အင်ချွန်း-ရန်ကုန် ခရီးစဉ်အ တွက် ပြေးဆွဲမည့်လေယာဉ်သည် ထိုင်ခုံ ၁၂၃ ခုံ  ပါဝင်သော A319 အမျိုးအစား လေယာဉ်ဖြစ်ကာ ခရီးဝေးလံသည့်အတွက် လေယာဉ်ဆီ ပိုမိုတင်ဆောင်ရ ခြင်းတို့ကြောင့် တင်ဆောင်နိုင်သည့်ဝန် ၏  ၅၅  ရာခိုင်နှုန်းကိုသာ လက်ရှိတွင် တင်ဆောင်နိုင်ကြောင်း သိရှိရသည်။ သို့ရာတွင် ခရီးစဉ် စတင်ပျံသန်းသည့် ကာလဖြစ်သည့်အတွက် စတင်ချိန်အတွင်း လိုအပ်ချက်များရှိနိုင်သော်လည်း ဈေးကွက်ရရှိမှု အနေအထားအရ လိုအပ်ချက်များကို တစ်ဆင့်ချင်း မွမ်းမံ ဖြည့်တင်းဆောင်ရွက်သွားမည်ဟု MAI  မှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့