ဆန်တန်ချိန် ၁၀၉၀၈၂ တန်ဝယ်ယူရန် တောင်ကိုရီးယားနိုင်ငံ တင်ဒါခေါ်ယူ

Tue, 05/07/2013 - 04:46 -- admin

တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်၊ ထိုင်း၊ တရုတ်၊ သြစတြေးလျနိုင်ငံတွေနဲ့ အခြားဒေသများမှ ဆန်တန်ချိန် စုစုပေါင်း ၁၀၉၀၈၂ တန်ဝယ်ယူလိုကြောင်း တင်ဒါနှစ်ကြိမ်ခွဲပြီး ခေါ်ယူခဲ့ပါတယ်။ ပထမတင်ဒါမှာ တောင်ကိုရီးယားနိုင်ငံ လယ်ယာ သားငါးနဲ့ ကုန်သွယ်ရေးဌာန (Korea Agro-Fisheries & Food Trade)  မှ ကောက်ညှင်းဆန်မဟုတ်တဲ့ ဆန်တန်ချိန် ၆၇၄၀၀ တန်ခန့်ကို ဝယ်ယူလိုပြီး ၎င်းင်းတန်ချိန် အနက် အမေရိကန်မှ တန်ချိန် ၉၀၆၂ တန်၊  သြစကြေးလျနိုင်ငံမှ တန်ချိန် ၄၃၃၈ တန်၊ တရုတ်နိုင်ငံမှ  တန်ချိန် ၄၈၀၀၀ ဝယ်ယူဖို့ ဆုံးဖြတ်ထားပြီး ကျန်တန်ချိန်ကို နိုင်ငံ ကန့်သတ်ထားခြင်းမရှိကြောင်း သိရပါတယ်။ အဆိုပါတင်ဒါကို၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်အထိ နောက်ဆုံးထားပြီး ဈေးနှုန်းကမ်းလှမ်း သူများကို လက်ခံသွားကာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း တင်သွင်းဖို့ မျှော်မှန်းခဲ့ကြောင်း သိရပါတယ်။ နောက်တင်ဒါတစ်ခုမှာ ကောက်ညှင်းဆန်မဟုတ်တဲ့ ရိုးရိုးဆန် တန်ချိန် ၄၁၆၈၂ ကို ဝယ်ယူလိုပြီး ၎င်းအနက် ထိုင်းနိုင်ငံမှ ၁၅၅၅၆ တန်၊ အမေရိကန်မှ တန်ချိန် ၉၀၀၀၊ သြစတြေးလျမှ ၅၁၂၆ တန်နဲ့ ကျန် တန်ချိန်ကို နိုင်ငံ ကန့်သတ်ထားခြင်းမရှိဘဲ  တင်သွင်းသွားမှာဖြစ်ကြောင်း KAF & FT မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၎င်းတင်ဒါ အတွက် ၂၀၁၃ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ ဈေးနှုန်းများကို နောက်ဆုံးထားပြီးတင်ပြရမှာ ဖြစ်ကြောင်း သိရပါတယ်။
နှင်းပန်းဖြူ