စင်ကာပူ-နယူးဇီလန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အာဏာသက်ဝင်

Mon, 01/13/2020 - 07:52 -- admin_ygn

     စင်ကာပူနိုင်ငံ၏ ပထမဆုံး နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပြီး နယူး ဇီလန်နိုင်ငံ၏ ဒုတိယ မြောက်နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်သော စင်ကာပူ - နယူးဇီလန် အနီးကပ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Agreement between New Zealand and Singapore on a Closer Economic Partnership - ANZSCEP) သည် ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်အာဏာတည်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် မူလသဘောတူစာချုပ်ကို အဆင့်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှု များကို စတင်ပြုလုပ်ခဲ့ပြီး ထပ်ဆင့်ပြုပြင်မွမ်းမံထားသော သဘောတူစာချုပ် (The upgraded ANZSCEP)  ကို ၂၀၁၉ ခုနှစ် မေ ၁၇ ရက်တွင် ပြန်လည်လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ The upgraded ANZSCEP  သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပြီဖြစ် သည်။

     အဆိုပါ The upgraded ANZSCEP အား လျင်မြန်စွာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ စာချုပ် အာဏာသက်ဝင်မှု မြန်ဆန်ခြင်းသည် တံခါးဖွင့်စီးပွားရေးစနစ်နှင့်စည်းမျဉ်း အခြေခံသော ကုန်သွယ်ရေး စနစ်များကို ဆက်လက် ထောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနှင့် နယူးဇီလန်တို့၏ ကတိက ဝတ်များကို ဖော်ပြနေကြောင်း၊ ခေတ် ကာလနှင့်လိုက် လျောညီထွေစွာ ပြန်လည်မွမ်းမံရေးထိုးခဲ့သော ယင်းသဘော တူစာချုပ်သည် ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချခြင်း၊ စည်းမျဉ် ထိန်း ကျောင်းမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုနှင့် အီလက်ထရောနစ်ကုန်သွယ်ရေး (E-Commerce) ကြိုပမ်းဆောင်ရွက်မှုများအား ဖွံ့ဖြိုး တိုးတက်စေပြီး နှစ်နိုင်ငံ လုံးမှ စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးကျေးဇူးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီးဖြစ်သူ  Mr. Chan Chun Sing က ပြောကြားသည်။

     ထို့ပြင် စင်ကာပူနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးပါဝင်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်  (FTA)  အသစ်များနှင့် ကိုက်ညီမှုရှိသည့် ကုန်သွယ်ရေးစည်းမျဉ်း များနှင့် ပြဋ္ဌာန်းချက် များကို ယင်းသဘောတူစာချုပ်တွင် ထည့်သွင်းထားကြောင်း၊ စာချုပ်တွင် စည်းမျဉ်းထိန်းကျောင်း မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်  E-Commerce  ဆိုင်ရာများနှင့်ပတ်သက်၍ အခန်းသစ် (၂) ခုကို ထည့်သွင်းခဲ့ကြောင်း၊ မူလသဘောတူစာချုပ်တွင်ပါရှိခဲ့သော ကုန်စည်ကုန်သွယ် ရေး၊ လူ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး၊ ပင်ရင်း နိုင်ငံစည်းမျဉ်း၊ နည်းပညာဆိုင်ရာ အတားအဆီးများ၊ အကောက် ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှု လွယ်ကူချော မွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေး စသည့် အခန်း (၈)ခုကို ပြုပြင်မွမ်းမံခဲ့သည်။ ယခုသဘောတူစာချုပ်တွင် ပြောင်းလွယ်ပြင်လွယ်မှု ပိုမို ပြုလုပ်နိုင်သော ပင်ရင်းနိုင်ငံစည်းမျဉ်းကြောင့် အထူးသဖြင့် စင်ကာပူရှိအီလက်ထရောနစ်ပစ္စည်း၊ ဓာတုပစ္စည်း၊ ဆေးဝါး နှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ တင်ပို့သည့်ကုန်ပစ္စည်းရောက်ရှိမှု အပေါ် ၂၄ နာရီအတွင်း အကောက်ခွန်ရှင်းလင်းမှုနှင့် ထုတ် ယူနိုင်မှုတို့ကို ပြုလုပ်လာနိုင်ကြောင်း၊ နယူးဇီလန်တွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် စင်ကာပူလုပ်ငန်းများသာမက ဈေးကွက်တိုးချဲ့ရန် စောင့်ကြည့်နေသူများအတွက်လည်း အကျိုးကျေးဇူးရှိကြောင်း စင်ကာပူစီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်က သုံးသပ်ထားသည်။    

 

Source : Ministry of Trade and Industry, Singapore/The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့။