ဂျပန်နိုင်ငံအား ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ယုံကြည်ရသည့် ကုန်သွယ်ဖက်နိုင်ငံစာရင်းမှ တရားဝင်ပယ်ဖျက်

Thu, 09/26/2019 - 07:55 -- admin_ygn

     ကိုရီးယားသမ္မတနိုင်ငံသည် ဂျပန် နိုင်ငံအား ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ယုံကြည်ရသည့် ကုန်သွယ်ဖက်နိုင်ငံ စာရင်း (White List) မှ စက်တင်ဘာ ၁၈  ရက်တွင် တရားဝင် ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ယင်းသည် ၁၉၆၅ ခုနှစ် တွင် စတင်ခဲ့သည့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွင် အနိမ့်ပါးဆုံးသော အခြေအနေတစ်ခုဖြစ်သည်။ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု လိုအပ်သည့် Dual Use အသုံးပြုနိုင်သော Strategic Item များနှင့် ပတ်သက်၍ ကိုရီးယား သမ္မ တနိုင်ငံ ၏ ပို့ကုန်ဆိုင် ရာထိန်းချုပ်မှုစနစ် (Export Control System) ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များအား ပြန်လည်ပြင်ဆင်၍ တရားဝင် ထုတ်ပြန်ပြီးဖြစ်ရာ စက်တင်ဘာ ၁၈ ရက်တွင် စတင်အကျိုးသက်ရောက်မှု ရှိမည်ဖြ စ်ကြောင်း ကုန်သွယ်ရေး၊ စက်မှု လုပ်ငန်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
      ဂျပန်နိုင်ငံအား တောင်ကိုရီး ယားနိုင်ငံ၏ ယုံကြည်ရသည့် ကုန်သွယ် ဖက်နိုင်ငံစာရင်းမှ ပယ်ဖျက်မည်ဖြစ် ကြောင်း သြဂုတ် ၁၂ ရက်တွင် စက်မှု လုပ်ငန်းဝန်ကြီး Mr. Sung Yun-mo က ပြောကြားခဲ့ချိန်မှစ၍ ဝန်ကြီးဌာန အနေ ဖြင့် သက်ဆိုင်ရာဌာနများနှင့် အများ ပြည်သူတို့ထံမှ သဘောထားမှတ်ချက် တောင်းခံခြင်းအပါအဝင် လိုအပ်သည့် လုပ်ငန်းစဉ်များကို  ဆောင်ရွက်ခဲ့ပြီး စည်းမျဉ်းစည်း ကမ်းများကို ပြင်ဆင် နိုင်ရေးအတွက် ဥပဒေပြုရုံး သို့ တင်ပြခဲ့ သည်။ ဝန်ကြီးဌာနအနေဖြင့် သြဂုတ်  ၁၄ ရက်မှ စက်တင်ဘာ ၃ ရက်အထိ Website  နှင့် အီးမေးလ်များမှတစ်ဆင့် သဘောထားများ တောင်းခံခဲ့ရာ ရလဒ် များအရ ၉၁ ရာခိုင်နှုန်းသည် ဥပဒေ စည်းမျဉ်းစည်း ကမ်းများကို ပြင်ဆင်ရန် ထောက်ခံခဲ့ကြကြောင်း သိရှိရပြီး၊ သဘော ထား တောင်းခံခဲ့သည့် အရေအတွက်ကို မူ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရှိရသည်။
       အဆိုပါစည်းမျဉ်းစည်းကမ်းများပြင်ဆင်ချက်သည်  စက်တင်ဘာ ၁၈ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ရာ၊ တောင်ကိုရီးယားနိုင်ငံ၏ Export Control System တွင် ဂျပန်နိုင်ငံ၏အနေအထား သည် အဆင့်နိမ့်သို့ ပြောင်း လဲသွားခဲ့ပြီ ဖြစ်ပါသည်။ ယခင်က တောင်ကိုရီးယား နိုင်ငံအနေဖြင့် Export Control System အတွက် ကုန်သွယ်ဖက်နိုင်ငံများကို Group (A) (B) ဟူ၍ နှစ်မျိုးခွဲခြားသတ်မှတ်ခဲ့ရာ မှ၊ ယခုစနစ်သစ်တွင် Group (A-2) အသစ် တိုး၍  ပါဝင်လာမည်ဖြစ်ပြီး၊ အဆိုပါ Group (A-2) သည် Group (B) အဆင့် နီးပါးကဲ့သို့ပင် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များ ကို လိုက်နာဆောင် ရွက်ရမည်ဖြစ်ကာ အချို့သော အချက်များတွင် သာ အနည်း ငယ်ကွဲပြားမှုရှိမည်ဖြစ်သည်။ တောင် ကိုရီးယားနိုင်ငံ၏  Government’s Compliance Program တွင် ပါဝင်ဆောင် ရွက်နေသော ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် Group(A-1) တွင် အကျုံးဝင် သော  နိုင်ငံများ သို့  Strategic  Items ပစ္စည်းများကို   တင်ပို့နိုင်မည်ဖြစ်ပြီး၊ Group (A-2) နှင့် Group (B) တို့တွင် အကျုံးဝင်သော နိုင်ငံများသို့မူ သတ် မှတ်ချက်များနှင့်အညီသာ တင်ပို့ခွင့်ရရှိ မည် ဖြစ်ပါသည်။ ဥပမာအားဖြင့်-မိမိ ကုန်သွယ် မှုပြုမည့်နိုင်ငံသည် မိမိနှင့် နှစ်နှစ်တာအတွင်း (၃)ကြိမ် အထက် ကုန်သွယ်မှုပြုထားသူ (သို့မဟုတ်)နှစ်နှစ် ထက်ပို၍ ကာလရှည်ကြာစွာ ကုန်သွယ် မှု ပြုခဲ့သူဖြစ်ရမည် စသဖြင့် သတ်မှတ် ချက်များနှင့် ကိုက်ညီရန် လိုအပ်မည် ဖြစ်ကြောင်း သိရှိရသည်။
 

 

ဝင်းပပသူ (စီးပွားရေးသံမှူး) (မြန်မာသံရုံး၊ ဆိုလ်းမြို့)