FDA ထောက်ခံချက်ရရှိပြီး ပစ္စည်းတူများ တင်သွင်းခွင့်ရရှိရေး ညှိနှိုင်း

Tue, 05/07/2013 - 04:50 -- admin

တမူးနယ်စပ်တွင်ကုန်သွယ်မှုပြုနေသော ကုမ္ပဏီအချို့နဲ့ ITC ကတ်အသုံးပြု ပြီး စားသောက်ကုန် တင်သွင်းသူများအနေနဲ့ FDA ထောက်ခံချက်ရရှိရေးအတွက် အခက်အခဲများရှိနေကြတဲ့အတွက် FDA ထောက်ခံချက်နဲ့တင်သွင်းခွင့်ရရှိပြီးဖြစ်တဲ့ ကုန်ပစ္စည်းတူများအား တင်သွင်းခွင့်ရရှိရေးနဲ့ တမူးနယ်စပ်ကုန်သည်အသင်း အနေနဲ့ FDA ရရှိပြီးကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကူညီပံ့ပိုးပေးရန် မတ်လ ၂၁ ရက်နေ့က တမူးကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေး ဌာနမှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြလာကြပါတယ်။ တမူးနယ်စပ်ကုန်သည်များအသွင်းများပြီး FDA ထောက်ခံချက်အခက် အခဲရှိနေတဲ့ စားသောက်ကုန်ပစ္စည်းများမှာ စပျစ်သီးခြောက်၊ စွန်ပလွန်ယို၊ ပါပလာ တို့ဖြစ်တယ်လို့သိရပါတယ်။ အင်းဝဘရားသားစ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးတင်ရွှေက ၎င်းတို့ ကုမ္ပဏီအနေနဲ့ စားသောက်ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး စပျစ်သီးခြောက်၊ စွန် ပလွန်ယိုတို့အတွက် ထောက်ခံချက်ရယူထားပြီးဖြစ်ကြောင်း၊ အခြားလုပ်ငန်းရှင်များ အား ခွဲဝေပေးနိုင်ပါကြောင်း၊ ဒါပေမဲ့ နိုင်ငံတော်တားမြစ်ကုန်များကို ယင်းပစ္စည်းများနဲ့ သိုဝှက်ရောနှောသယ်ဆောင်မှုပြု၍ ပြဿနာဖြစ်ပါက မူလလိုင်စင်နဲ့ ID အမည်ပေါက်သူက လိုက်လံရှင်းလင်း ရမှာဖြစ်၍ ကုန်သည်အသင်းမှ တာဝန်ယူ ဖြေရှင်းပေးနိုင်ရေးတော့ လိုအပ်မယ်လို့တင်ပြ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။                          
Source: ကသရ (တမ)
MIRT (DOBT)

Border Trade News

Pages