မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ ဆန်ကွဲ ကန်ဒေါ်လာ ၂ သန်းနီးပါး တင်ပို့

Tue, 05/07/2013 - 07:27 -- admin

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၈၆၁ တန်တင်ပို့နိုင်ခဲ့ပြီး အနီးကပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၃၃၄၇ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဆန်ကွဲကို မုန့်လုပ်ငန်း များနဲ့ အရက်ချက်လုပ်ငန်းများမှာ ပိုမိုအသုံးပြုပြီး တစ်ဖက်နိုင်ငံ အနေနဲ့ တရားမဝင်လမ်းကြောင်းမှတင်ပို့မှုအပေါ် တားမြစ်မှုလျော့ နည်းလာခြင်း၊ တစ်ဖက်နိုင်ငံကုန်သည်များအနေနဲ့ မိမိတို့နိုင်ငံမှ တင်ပို့နေတဲ့ ဆန်များအရည်အသွေး နိမ့်ကျတဲ့အတွက်  ဆန်ထက် ဆန်ကွဲကို ပိုမိုနှစ်သက်လာတာကြောင့်မှာယူလျက်ရှိကြောင်း၊ သြင်္ကန်ကာလ ပိတ်ရက်များ နီးလာသဖြင့် ယခင်ကထက် မှာယူမှုများ လာကြောင်း ကုန်သည်များထံမှသိရပါတယ်။ ဆန်ကွဲတင်ပို့မှုအတွက် Form D ပါရှိပါက သတ်မှတ်အခွန်နှုန်းနဲ့ တင်သွင်းခွင့်ပြုခဲ့ သော်လည်း အခွန်နှုန်းမြင့်မား၍ တရားမဝင်လမ်းကြောင်းမှသာတင်ပို့ လျက်ရှိကြောင်း၊ Form D ကိုမူ မိမိတို့နိုင်ငံထွက်ကုန်ပစ္စည်းဖြစ်ကြောင်း အထောက်အထားအဖြစ်ရယူရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ မြဝတီကူးသန်းရောင်းရေးဇုန်ရဲ့ ဇန်နဝါရီလမှ မတ်လထိ ဆန်ကွဲတင်ပို့မှုမှာ ၉၂၆၂ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ သန်း ကျော် တင်ပို့နိုင်ခဲ့ပါတယ်။                     
ခင်မြနွယ်

Border Trade News

Pages