မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးနယ်စခန်းမှ ပရဆေး ၁၀၄၇ တန်ကျော်တင်ပို့

Tue, 05/07/2013 - 04:51 -- admin

မတ်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၄၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက်  ၂၂၃ တန်ကျော် တင်ပို့မှုလျော့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် ကြောင်ပန်းစေ့၊ ကြက်ဆူစေ့နဲ့တောဂျင်းတို့တင်ပို့မှုပိုမိုခဲ့သော်လည်း ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နေလဲစေ့နဲ့ ဆီးဆံတို့တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ တောဂျူးမြစ်နဲ့စကားပန်းပွင့်ခြောက်တို့ကိုတော့ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဝဥခြောက်ဟာသွေးကြောထဲရှိ ကိုလက်စထရော များကိုလျော့ကျစေနိုင်တဲ့ ဆေးဘက်ဝင်ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်တာကြောင့် ဈေးကွက်ခိုင်မာလျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ကို တင်သွင်းခဲ့တယ်လို့သိရပါတယ်။
ခင်ကလျာဦး၊ MIRT (DOBT)

Border Trade News

Pages