ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ချင်းစိုပိုမိုတင်ပို့ပြီး တရုတ်နယ်စပ်မှ ချင်းခြောက်လျော့နည်း တင်ပို့

Tue, 06/06/2017 - 06:09 -- admin_ygn

          မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းတို့မှ အမေရိကန်ဒေါ်လာ   ၆၀၄၈၀ တန်ဖိုးရှိ ချင်းစို  ၁၈၇ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  စခန်းအလိုက် တင်ပို့မှုမှာ စစ်တွေမှ တန် ၃၀ နဲ့  မောင်တောမှ ၁၅၇ တန် ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က စစ်တွေမှ ၁၅ တန်နဲ့ မောင်တောမှ ၁၃၅ တန် စုစုပေါင်း တန် ၁၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချင်းစို ၃၇ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ စစ်တွေမှာ ချင်းစိုတစ်တန်ရဲ့ မိမိဘက်ပေါက် ဈေး ငွေလဲနှုန်းအရ ကျပ် ၁၀၃၄၅၅၀ ဈေးရှိတယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှလည်း အမေရိ ကန်ဒေါ်လာ ၁၉၈၄ တန်ဖိုးရှိ ချင်းခြောက်နှစ်တန်နီးပါး တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ၁၇ တန် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၅ တန် လျော့နည်း တင်ပို့ ခဲ့ပါတယ်။ မူဆယ်ကုန် စည်ဒိုင်မှာ  ချင်းေြ ခာက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးက ငွေလဲနှုန်းအရ ကျပ် ၁၆၈၆၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages