ပြည်ပတင်ပို့နေတဲ့ ကောက်ညှင်းစပါးများကို စပါးအတိုင်းတင်ပို့ခွင့်ပြုတော့မည် မဟုတ်ကြောင်းသိရ

Tue, 05/07/2013 - 04:33 -- admin

မိုင်းယောင်းမြို့နယ်အတွင်းထွက်ရှိတဲ့ ဒေသသုံးထက်ပိုလျှံသောကောက်ညှင်း စပါးများကို ပြည်ပသို့ တင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ်မှစ၍ စပါးအတိုင်းပြည်ပသို့ တင်ပို့ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့  မြို့နယ်အကောက်ခွန်ဦးစီးဌာနမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး မှာ ဒုတိယစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြည်သူလူထုအလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပြီး ဒေသအတွင်းအရည်အသွေးမီကြိတ်ခွဲနိုင်သောဆန်စက်များ တည်ဆောက်ကာ  ဆောင်ရွက် သွားရန် ညွှန်ကြားချက်များအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မိုင်းယောင်းဒေသမှ ထွက်ရှိလာမဲ့ ကောက်ညှင်းစပါးများအား တင်ပို့ ခွင့် ပေးတော့မှာမဟုတ်ကြောင်းသိရှိရပါတယ်။
ှSource: ကသရ (တခလ)
ခင်မိုးသူ

Border Trade News

Pages