တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းအနေဖြင့် ITC ကတ်အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်

Tue, 05/07/2013 - 04:34 -- admin

ITC ကတ်ပြုလုပ်ရာမှာ တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ကုန် သည် အသင်းဝင်ဖြစ်ရန် လိုအပ်တဲ့အတွက် ကျိုင်းတုံမှလာရောက်ပြီး ITC ကတ်ပြု လုပ်သူများမှာ၎င်းင်းတို့အနေဖြင့် ကျိုင်းတုံတွင်ကုန်သည် အသင်းဝင်ပြီးဖြစ်တဲ့အတွက် တာချီလိတ်တွင်ထပ်မံဝင်ရပါကငွေကြေးပိုမိုကုန်ကျကြောင်း တာချီလိတ်ထက် ကျိုင်းတုံက အသင်းဝင်ကြေးမှာလည်း ပိုမိုသက်သာကြောင်းပြောကြားလာမှုများ ရှိလာတယ်လို့ တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးပွဲမှာ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း မှပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးအခြားနယ်စပ်စခန်းများကို စုံစမ်းကြည့်ရာမှာ မူဆယ်တွင် အသင်းဝင်ကြေး တစ်သိန်းနှင့် နှစ်စဉ်ကြေးတစ်နှစ်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် သုံးနှစ် စာအတွက် ၁၀၈၀၀ နှင့် အထွေထွေရန်ပုံ ငွေအတွက် တစ်သောင်းကျပ် ကောက်ခံပြီးITC ကတ် အတွက်အသင်းဝင်ကြေးနှင့်တစ်နှစ်စာ အတွက် ငါးသောင်းကျပ် သာကောက်ခံပြီး၊ မြဝတီ ITCကတ်အနေဖြင့် ကုန်သွယ်မှုပြုလုပ်သူများအသင်းဝင် ကြေးအား ၂၅၀၀ ကျပ်ကောက်ခံပါကြောင်း၊တမူးနယ်စပ်ကုန်သည်ကြီးများ အသင်း အနေဖြင့် ကုမ္ပဏီများ အတွက်ကနဦးအသင်းဝင်ကြေး ၁ သောင်းကျပ်နှင့် နှစ်စဉ်ကြေး တစ်လ လျှင်နှစ်ထောင်နှုန်းဖြင့် ၂၄၀၀၀ ကျပ်ကောက်ခံပြီး ှုွှဃ ကတ် ကိုင်ဆောင်သူများအတွက် ကနဦးအသင်ဝင်ကြေးကျပ် ၁၀၀၀၀ နှင့် နှစ်စဉ်ကြေး ငါးထောင်ကျပ်သာ ကောက်ခံပါကြောင်း၊ တာချီလိတ် နယ်စပ်ကုန်သည်ကြီးများ အသင်းအနေဖြင့် ITC ကတ်အတွက် အသင်းဝင်ကြေးနဲ့နှစ်စဉ်ကြေးကိုကုမ္ပဏီကြီးများ နည်းတူကောက်ခံနေ ကြောင်းပြောကြားလာမှုများရှိနေ တယ်လို့သိရပါတယ်။ တာချီလိတ်နယ်စပ်ကုန်သည် အသင်းဥက္ကဌ ဦးမြင့်ဦးအောင်မှ ITC ကတ်ထုတ်ယူ နိုင်ရန်အတွက် ကုန်သည်အသင်းဝင်ကတ်ပြုလုပ်ပေးရာ၌ အသင်းဝင်ကြေးနဲ့ နှစ်စဉ်ကြေးကောက်ခံမှုတွင် မိမိတို့ရဲ့အသင်းရုံးဖွင့်လှစ်ရန်လုံးပန်းနေရသဖြင့် မစဉ်းစားခဲ့ရဘဲ ယခင်ကုမ္ပဏီကြီးများ နည်းတူကောက်ခံခဲ့ရသဖြင့် ၎င်းကိစ္စကို အမှုဆောင်များစုပေါင်းညှိနှိုင်းတိုင်ပင်ကာ အဆင်ပြေအောင် ပြန်လည် ဆောင်ရွက် ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
source: ကသရ (တခလ)
ခင်မိုးသူ

Border Trade News

Pages