ချင်းရွှေဟော်မှ သကြားလျော့နည်းတင်ပို့ ပြီး မြဝတီမှ ပိုမိုတင်သွင်း

Thu, 08/10/2017 - 07:21 -- admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်း သုံးခုမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၁၁ ဒသမ ၄၄၆ သန်း တန်ဖိုးရှိ Re-Export သကြား ၁၇၆၀၉ တန်ေ ကျာ်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၄၆၁၄ တန်၊ လွယ်ဂျယ်မှ ၉၉၉ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၉၉၅ တန်ကျော် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က  မူဆယ်မှ ၁၃၉၈၅တန်၊ လွယ်ဂျယ်မှ ၇၄ တန်၊ ချင်းရွှေဟော်မှ ၃၉၄၂တန်ကျော်နဲ့   ကန်ပိုက်တီမှ တန် ၁၀၀ တင်ပို့ခဲ့ ပါတယ်။
       ယခုတစ်ပတ် မူဆယ်နဲ့ လွယ်ဂျယ်မှ သကြား ပိုမိုတင်ပို့ခဲ့ပေမယ့် ချင်းရွှေဟော်မှ ၁၉၄၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇူလိုင်လ နောက်ဆုံးပတ်ရဲ့သကြားတစ် တန်ဈေးကတော့   ကျပ် ၇၆၀၁၈၀ ဖြစ်ပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၈၂၀ ရှိတယ်လို့သိရပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းလေးခုပေါင်းမှ Re-Export သကြား တန်ချိန် ကိုးသောင်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့တယ်လို့  စခန်းများရဲ့ စာရင်းများ အရ သိရပါတယ်။
       မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း  ယခုရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၂ သန်း တန်ဖိုးရှိ Re-Export သကြား တန်၂၇၃၀ ကို ထိုင်း နိုင်ငံမှ တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့ ၁၅၇၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၁၅၆ တန်ကျော်ပိုမို တင်သွင်းလာတာ တွေ့ရပါတယ်။ ဇူလိုင်လတစ်လလုံး မြဝတီမှတစ်ဆင့် သကြားတန် တစ်သောင်းကျော်ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages