၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပတင်ပို့နေမှုကြောင့် ကုန်ကြမ်းများ ရှားပါးလာ

Wed, 07/17/2019 - 03:57 -- admin_ygn

       ၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်ကုန် တဲ့ အတွက် ကဏန်းပျော့ လုပ်ငန်းတွေမှာ ကုန်ကြမ်းတွေ ရှားလာတယ်"ဟု ၎င်းကပြော သည်။
      သို့ဖြစ်၍ ပြည်ပသို့ ၁၀၀ ဂရမ်အောက် ကဏန်းများ တင်ပို့နေမှုကို တားမြစ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုသို့ ပြန်လည် တားမြစ်နိုင်မှသာ ကဏန်းအခွံပျော့နှင့် အခွံ မာ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းမှ ရေသယံဇာတများ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကဏန်းတင်ပို့ရေးပိုင်းတွင် အခွံမာနှင့်အခွံ ပျော့နှစ်မျိုးလုံး တင်ပို့နေရသည့် အတွက် ဈေးကွက်ခိုင်မာသည့်ကဏန်းကို စနစ်တကျမွေးမြူရန် လိုအပ်ကြောင်းသိရသည်။ "ဆယ်စုနှစ်အတွင်းမှာ  ကဏန်းထုတ်လုပ်ရေးလုပ်ငန်းတွေက မြင့်တက်လာတယ်။ လုပ်ငန်းတွေက ကြီးလာပေမယ့် ကဏန်းဆိုတာငါး၊ ပုစွန်ေ တွလို ဖောက်လို့မရတဲ့အတွက် သဘာ၀ ကဏန်းတွေကိုပဲယူပြီး မွေးရတယ်။   ဂရမ် ၁၀၀ လောက်ရှိတဲ့ ကဏန်းတွေကို မွေးတယ်။ ပျော့နေတဲ့အချိန်မှာ အေးခဲပြီး ပြည်ပကိုတင်ပို့တယ်။ ဒီဈေးကွက်က အရမ်းကို ကျယ်ပြန့်နေ ပြီ"ဟု ၎င်းက ပြောသည်။
      ယင်းလုပ်ငန်းမှာ လုပ်သားအင်အား အများအပြား အသုံးပြုရသည့်အတွက်  အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးလာပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ် ပြီး ပြည်ပဈေးကွက်တွင်  အလားအလာကောင်း သည့် ထုတ် ကုန်ဖြစ်သောကြောင့် ပို့ကုန်ကဏ္ဍလည်း တိုးမြင့်လာမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မွေးမြူ ထုတ်လုပ်နေသည့် ကဏန်းများကို နိုင်ငံအနှံ့အပြားသို့ တင်ပို့နိုင်သည့် အတွက် ဈေးကောင်းရရှိနေပြီး ယခုနှစ်ပိုင်းအတွင်း အရောင်းအမြင့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်လာသည်ဟုဆိုသည်။လက်ရှိတွင် ပြည်ပပညာရှင်များနှင့် ဒေသခံတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကဏန်းအမာသားဖောက်ခြင်းလုပ်ငန်းများကို  လုပ်ေ ဆာင်လျက်ရှိပြီး အောင်မြင်ပါက တစ်ဆင့်ပြန်လည် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်မည့်အပြင် ဒီရေတောများတွင်လည်း လွှတ်ပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် က ဏန်းပျော့မွေးမြူရေးလုပ်ငန်းများ အပြိုင်အဆိုင် လုပ်ကိုင်လာကြပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင်လည်း ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ဂဏန်းမွေးမြူရေး လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင် လုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု

Border Trade News

Pages