“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် စီးပွားရေး သံမှူး တာဝန်ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးတင်ပြခြင်း ” ခေါင်းစဉ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ -၂   Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ 

၂။         အဆိုပါဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ကေခိုင်ကျော်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် စီးပွားရေးသံမှူးတာဝန် ထမ်းဆောင်ခဲ့မှု အတွေ့အကြုံများကို ဆွေးနွေးတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် စီးပွားရေးသံမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု များ အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။              ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် က နိဂုံးချုပ် လမ်းညွှန် အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးတင်ပြသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေခိုင်ကျော် အား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ခဲ့ပါသည်။

၄။         အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၇၃) ဦး၊  အမှုထမ်း (၄၈) ဦး ၊ စုစုပေါင်း (၁၂၁) ဦး တို့ တက်ရောက်ခဲ့ပါသည်။