စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းသားခေါ်ယူခြင်း
စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၁/၂၀၂၆)
သင်တန်းသားခေါ်ယူခြင်း
“စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၆)” ကို စက်မှုဒီဇိုင်း မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါအစီအစဉ် အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
သင်တန်း နေ့ရက်/ အချိန်/ နေရာ
သင်တန်းနေ့ရက် - ၉-၃-၂၀၂၆ ရက်နေ့မှ ၁၇-၃-၂၀၂၆ ရက်နေ့ထိ (ရုံးပိတ်ရက်မပါ)
(၇) ရက်
သင်တန်းအချိန် - နေ့စဉ် ( ၁၀:၀၀ ) မှ ( ၁၅:၁၅ )နာရီအထိ
သင်တန်းနေရာ - ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန
သင်ကြားမည့်စနစ် - Virtual Online (Zoom Meeting)
လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး
သင်တန်းလျှောက်လွှာ Form လက်ခံခြင်း - ၃-၂-၂၀၂၆ မှ ၅-၃-၂၀၂၆ ထိ
သင်တန်းကြေးပေးသွင်းရမည့်ရက် - ၃-၂-၂၀၂၆ မှ ၅-၃-၂၀၂၆ ထိ
သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း - ၆-၃-၂၀၂၆ ရက်နေ့
ထုတ်ပြန်ကြေညာမည့်ရက်
စာမေးပွဲကျင်းပမည့်ရက် - ၁၈-၃-၂၀၂၆ ရက်နေ့
စာမေးပွဲကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) နာရီ
သင်တန်းကြေး - ၃၀၀,၀၀၀ (သုံးသိန်းကျပ်တိတိ)
မှတ်ချက်။ သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထား သည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ပေးသွင်းရန်။
လျှောက်ထားခြင်း/ ငွေသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်
-
လျှောက်လွှာပုံစံအား www.ipd.gov.mm တွင် Download ရယူ၍ ipdtraining2022@ gmail.com သို့ ပေးပို့လျှောက်ထားရမည်။
-
သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့သင်တန်းကြေးပေးသွင်းရမည်။
-
သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် E-mail မှ [email protected] သို့ ပေးပို့ရမည်။
-
သင်တန်းတက်ရောက်ခွင့်ရရှိမှုအား www.ipd.gov.mm တွင် ကြေညာမည်ဖြစ်ပါသည်။
-
အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ
e-mail သို့ ဆက်သွယ်ပေးမည် ဖြစ်ပါသည်။ -
သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအားလျှောက်ထား သူ၏ လျှောက်လွှာပါ E-mail သို့ ပေးပို့မည်ဖြစ်ပါသည်။
မှတ်ချက်။ သင်တန်းကြေးပေးသွင်းရာတွင် မြန်မာ့စီးပွားရေးဘဏ်သို့ အခြားဘဏ်များမှတစ်ဆင့် ငွေလွှဲပေးပို့ခြင်းဖြစ်ပါက မြန်မာ့စီးပွားရေးဘဏ်မှ ကောက်ခံသည့် ဘဏ်ဆောင်ရွက်ခ ကိုပါ တစ်ပါတည်း ထည့်သွင်းပေးပို့ရမည် ဖြစ်ပါသည်။
စည်းကမ်းချက်များ
-
သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
-
လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
-
သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
-
သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
-
သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
-
သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
-
သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက် နိုင်လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းပြီးထားသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
-
စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူ ပြည်တွင်းမှ ကိုယ်စားလှယ်များကို (နိုင်ငံ့ဝန်ထမ်းများမပါ) သင်တန်းတက်ရောက် ခွင့်ပြုမည် ဖြစ်ပါသည်။
မှတ်ချက်။ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
