၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့
၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၂ ရက်နေ့
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။
နိုဝင်ဘာလ(၂၁)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၉၀၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၈၃)ဒေါ်လာသန်း၊ စုစုပေါင်း (၄.၃၈၆) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၉၇.၄၆၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
၂၂-၁၁-၂၀၂၃ ရက်နေ့
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၁၁-၂၀၂၃)မှ (၂၁-၁၁-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၄၂၂.၅၀) တန်၊ တန်ဖိုး (၀.၂၃၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၅၈.၅၀) တန်၊ တန်ဖိုး (၀.၂၀၁)ဒေါ်လာသန်း၊ ပြောင်း (၄၂၅.၀၀)တန်၊ တန်ဖိုး (၀.၁၁၁) ဒေါ်လာသန်း၊ ဖရဲသီး (၃၃.၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။
မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ထောပတ်သီး (၄၁၁) တန်၊ တန်ဖိုး (၀.၂၂၆)ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၈၇) တန်၊ တန်ဖိုး (၀.၁၉၆) ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၁၈) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ အလူမီနီယမ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၁၂) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၅၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင် အပတ်ထက် ကြက်သွန်နီ (၁၅) တန် ၊ တန်ဖိုး (၀.၀၁၃
၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ(၁၅-၁၁-၂၀၂၃)ရက်နေ့မှ(၁၉-၁၁-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ နှမ်း၊ မတ်ပဲ၊ ရေထွက်ပစ္စည်းများဖြစ် သောငါးကြင်းဆီဖောင်းခြောက်၊ကဏန်း၊ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ငါးခွေးလျှာ၊တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/သတ္တုများနှင့်CMP ပစ္စည်းများကိုတင်ပို့ ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၁-၂၀၂၃ မှ ၁၉-၁၁-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၂၈၆)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၂၈၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ်(၁၈.၆၉%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၅၄) သန်း၊ သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၃၅)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။