ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိက ထွက်ကုန် ဖြစ်တဲ့ ချင်းကပြည်ပ ဝယ်လက် မရှိခဲ့တာ နှစ်နှစ်၊ သုံးနှစ် ရှိခဲ့ပါပြီ။ ပြည်တွင်းသုံး ဝယ်လက်တွေသာ ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေ မှာတော့ တစ်ပတ်ကို ပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံေ တွက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်းက ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှု နည်းသွားပါတယ်။ ဒီဘက်နှစ်တွေ မှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ် လို့ လည်း ဒေသခံတွေ ထံမှ သိရှိရပါတယ်။ ဒီ
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ နောက်ဆုံးရက်သတ္တပတ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂၆၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၁၈၄ တန်ခွဲကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ ဖန်ခါးသီးခြောက်၊တောချင်း၊ ဝဥခြောက်၊ မာလာဥခေါင်း ၊ ကြောင်လျှာစေ့၊ နနွင်းခေါင်း၊ နေလဲစေ့၊ဒရင်ကောက်မြစ်၊ကွမ်းစား ဂမုန်းတို့ ဖြစ်ပါ တယ်။
မြင့်မြင့်မာ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေ ဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆိုင်ကယ်များကို တရားဝင်သတ်မှတ်ထား သည့် ဈေးနှုန်းများအတိုင်း တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ေ ရးဇုန်၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေ ဖြင့် ကုန်သွယ်မှုပမာဏ တိုးတက်စေရန်အတွက် လည်းကောင်း၊ တရားမဝင် ကုန်သွယ်မှုများလျော့ နည်းပပျောက်ပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန် အတွက်လည်းကောင်း၊ တစ်ဖက်နိုင်ငံမှ ဆိုင်ကယ် ဝယ်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းတို့မှ မေ ၂၁ ရက်မှ ၂၇ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၉၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၀၉၂တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၇၇၀ ကျော် လျော့နည်းတင်ပို့ ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မော တောင်ကုန်သွယ်ရေးစခန်းမှာ ၂၀၁၆ ခုနှစ်မေလအတွင်း ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ၀၄၀ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်း ရရှိခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း၊သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း၊ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းပိုမိုခဲ့ပါတယ်။ ယမန်နှစ် ကာလတူထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၃ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ၀၂၈ သန်း၊ ကုန်သွယ်မ
မေလ ၁ ရက်မှ ၂၀ ရက်အထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိ လက်ဖက်ခြောက် ၁၈၄ တန်ခွဲကျော် တင် ပို့ခဲ့ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် လက်ဖက်ကို အများဆုံး စိုက်ပျိုးကာ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြတာလို့ သိရပါယ်။
မြင့်မြင့်မာ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၆ ခုနှစ် မေ ၁၄ ရက်မှ ၂၀ ရက်အတွင်း ကန် ဒေါ်လာ ၃ ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၈၆၂
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း မေလကုန်ခါနီးအခြေအနေမှာ နွေ ရာသီအပူပြင်းဆုံး ကာလများထဲတွင် မိုးရွာလိုက်သည့်အတွက် မိုးရွာခါစ ဈေးကွက်အတွင်း ကားကြည့်သူများ အနည်းငယ်ကျဲသွားသော်လည်း နောက် ပိုင်းမိုးများသော် လည်း ပြတ်တောင်း ပြတ်တောင်းရွာသည့်အချိန်များတွင် ကားရောင်းဝယ်ရေးစခန်းများနှင့် ကား အရောင်းစင်တာများတွင်ပါ ကားကြည့် သူများပြားလာပြီးအဝယ်လည်းပိုမို ရှိလာကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ မေ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ် နဲ့နှိုင်းယှဉ် ပါက ယခုသီတင်းပတ်မှာ သရက်သီး ၇၆၈ တန်ကျော် ပိုမို တင်ပို့ခဲ့ ပါတယ်။အလားတူ မြန်မာ-အိန္ဒိယနယ်စပ်ရှိတမူးကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ သရက် သီးသုံးတန် ကိုလည်း တင် ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ် က တင်ပို့မှုမရှိဘဲ ယခုသီတင်းပတ်မှ စတင်တင်ပို့နိုင်ခြင်းဖြစ်ပါ တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် စိန်တစ်လုံး သရက်များ အများအပြားစိုက်ပျိုးထွက်ရှိပါတယ်။
ကညန လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို ယခုလ ၃၀ ရက်နေ့ လာမည့်တနင်္လာနေ့ မှစတင်ကာ မြဝတီမှမဲဆောက်ဘက်သို့ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု သိရှိရသည်။ အထက်အမိန့် အရ ဒေသအာဏာပိုင်များက အဆိုပါအမိန့်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု အကြောင်းကြားခြင်းခံရသည့် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ လိုင်စင်မရှိေ သာမော်တော်ယာဉ်များအပါအဝင် မည့်သည့်အဖွဲ့အစည်းက ဖြစ်စေ ထိုင်း ဘက်ခြမ်း မဲစောက်ဘက်သို့ လုံးဝသွားခွင့်မပြုတော့သည်ကို မဲဆောက်သို့ တရားဝင်ပြေးဆွဲနေကြသည့် ခရီးသည်ယာဉ်လိုင်းမှ ကားသမားများက ကြိုဆိုလိုက်ကြ သည်။ ရွှေမြန်