တောင်ကိုရီးယားနိုင်ငံတွင် ဆေးလိပ်ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် နိုင်ငံခြားဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီများ အကျိုးအမြတ်များရ

          တောင်ကိုရီးယားနိုင်ငံတွင် ဆေးလိပ်ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အကြီးမားဆုံး အကျိုးခံစားခွင့်ရရှိသူများမှာ နိုင်ငံခြားကုမ္ပဏီများ ပင်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆေးလိပ်ဈေးနှုန်းများ ကြီးမြင့်လာသော်လည်း ပြီးခဲ့သည့် နှစ်က စီးကရက်တင်သွင်းမှုမှာတိုး တက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မှာ  ရေရှည် မရပ်တည်နိုင်သည့် အပြင် နိုင်ငံခြားစီးကရက်ထုတ်လုပ်သူအချို့ က ဈေးကွက်ကိုကောင်းစွာ ထိုးဖောက် နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
         ကိုရီးယားအကောက်ခွန်ဌာန၏စာရင်းများအရ ယမန်နှစ်က စီးကရက် တင်သွင်းမှုမှာ တန်ဖိုး ဝမ် ၄၁ ဒသမ ၇ ဘီလီယံခန့်ရှိခဲ့သည်ဟုသိရှိရသည်။ စီးကရက်တင်သွင်းမှုသည် ၂၀၁၁ ခုနှစ်တွင် ဝမ် ၃၈ ဒသမ၇ သန်းထိ ရှိ ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တင်သွင်းမှုပမာဏ ဝမ် ၁၅ ဒသမ ၉ သန်းသို့ ကျဆင်းခဲ့ သည်။ ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးအပေါ် အခွန်ကောက်ခံမှုများ တိုးမြှင့်ခဲ့သည့်အတွက် စီးကရက်တင်သွင်းမှုမှာ အနည်းငယ်ကျဆင်းခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် တင်သွင်းမှု ပြန်လည် မြင့်တက်ခဲ့သည်။ အီလက်ထရောနစ် စီးကရက်များတင်သွင်းမှုသည် ယမန် နှစ်ကထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်း မြင့် တက်ခဲ့ပြီး ပုံမှန်စီးကရက်များနှင့် အီလက်ထရောနစ်စီးကရက်များ နှစ် မျိုးလုံး သောက်သုံးနေကြဆဲဖြစ်သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့