ငွေစာရင်းဌာနခွဲ လုပ်ငန်းတာဝန်များ ဘဏ္ဍဍာရေးဌာနစု
၁။ ရသုံးမှန်းခြေငွေစာရင်းနှင့် ကြိုတင်စစ်ဆေးရေးဌာနစိတ်
(က) ရသုံးမှန်းခြေငွေစာရင်း
၁။ ရသုံးမှန်းခြေ ငွေစာရင်းများ (ရုံးချုပ်၊ ရန်ကုန်၊ နယ်) ခန့်မှန်းခြင်း၊ ရေးဆွဲခြင်း၊ စိစစ်ခြင်း
(BE,SG,RE)
၂။ ရုံးချုပ်၊ ရန်ကုန်နှင့် နယ်စခန်းများသို့ ရသုံးမှန်းခြေငွေစာရင်းများ ခွဲဝေချထားခြင်း။ (သုံးလပတ်)
၃။ ခွင့်ပြုငွေအကြောင်းကြားခြင်း (DL) (ရုံးချုပ်၊ ရန်ကုန်၊ နယ်)။
၄။ ရန်ပုံငွေလွှဲအပ်စာရင်း ဖွင့်လှစ်ပေးခြင်း (LC) (ရုံးချုပ်၊ ရန်ကုန်၊ နယ်)။
၅။ ငွေထုတ်သူအရာရှိပြောင်းလဲခြင်းကိစ္စများကြီးကြပ်ခြင်း (DO) (ရုံးချုပ်၊ ရန်ကုန်၊ နယ်)
၆။ အသုံးစရိတ်များ စိစစ်ထိန်းချုပ်နိုင်ရန် ငွေစာရင်းခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေမှု မှတ်တမ်းများ
ရေးသွင်းခြင်း၊ စိစစ်ကြီးကြပ်ခြင်း။
၇။ ဘဏ္ဍာငွေကြီးကြပ်မှုအရ မလုံလောက်သော အသုံးစရိတ်များအား အချိန်နှင့်တပြေးညီဆုံးဖြတ်ချက်အရယူဆောင်ရွက်ခြင်း
(ခ) ကြိုတင်စစ်ဆေးရေး
၁။ ရုံးချုပ်၊ ရန်ကုန်၊ နယ်စခန်း၊ အသုံးစရိတ်များ (လစာ/ ခရီးစရိတ်၊ ပြင်ထိန်းစရိတ်(ဆ/ဥ၊ စက်၊ ပရိဘောဂ) တယ်လီဖုန်း၊
မီတာ၊ ရုံးအသုံးအဆောင်၊ အထွေထွေအသုံးစရိတ်) စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ မှတ်တမ်းရေးသွင်းခြင်း။
၂။ ဌစ (ကြိုတင်/ယာယီ) ဌစ(၈) (၁၀) စာရင်းရေးဆွဲခြင်း (အသုံးစရိတ်)။
၃။ ချက်လက်မှတ် ထုတ်ပေးခြင်း။
၄။ ဝန်ထမ်းလစာများ ဘဏ်စာရင်းသို့ပေးသွင်းခြင်း၊ အိမ်လခ၊ မြေစည်ပင်၊ အသက်အာမခံမှတ်တမ်းများ ရေးသွင်းခြင်း။
၅။ တယ်လီဖုန်းမှတ်တမ်း၊ ယာဉ်ပြင်ဆင်စရိတ်မှတ်တမ်း၊ ECC မှတ်တမ်းများ စိစစ်နိုင်ရန် ရေးသွင်းခြင်း
၆။ ခရီးစရိတ်နှုန်းထားများ စီစစ်ခြင်း၊ တင်ပြခြင်း။
၂။ ငွေပေး၊ ငွေယူဌာနစိတ်
(က) ရုံးအမှတ်(၃) E-payment ငွေလက်ခံခြင်း၊ ဘဏ်သို့ ပေးသွင်းခြင်း။
( ခ) ရန်ကုန်တိုင်းရုံး E-payment ငွေလက်ခံခြင်း၊ ဘဏ်သို့ပေးသွင်းခြင်း။
( ဂ) ရုံး(၅၂) သာမန်ရငွေများ လက်ခံခြင်း။
(ဃ) ဌစ စာရင်းများ ဌစ (၇) (၉) ရေးဆွဲခြင်း။
( င) ရငွေများလက်ခံခြင်း (ဆ/ဥ ငှားရမ်းခ) (ရန်ကုန် + နယ်) နှင့် အခြားရငွေများ လက်ခံခြင်း၊ ဘဏ်သို့ ပေးသွင်းခြင်း၊
ဘဏ်အချိန်မမီပါက သက်ဆိုင်ရာအရာရှိ ခွင့်ပြုချက်ဖြင့် သိမ်းဆည်းခြင်း။
( စ) ဘဏ်နှင့်စာရင်းကိုက်ညှိခြင်း၊ စာရင်းကြီးကြပ်ခြင်း၊ ဘဏ်ရှင်းတမ်းတောင်းခံခြင်း၊ စိစစ်ခြင်း။
(ဆ) MCB ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
( ဇ ) ချက်မှတ်ပုံတင်စာအုပ် ထိန်းသိမ်းကြီးကြပ်ခြင်း။
( ဈ ) E-payment စာရင်းများပြုစုခြင်း၊ လချုပ်ခြင်း၊ MCB နှင့်တိုင်ဆိုင်စစ်ဆေးခြင်း။
(ည) ဗဟိုဘဏ်နှင့် (၆)လပတ်တိုက်ဆိုင်စစ်ဆေးခြင်း။
( ဋ ) ဝန်ကြီးရုံးစာရင်းသို့ ပေးသွင်းသော သွင်းကုန်လိုင်စင်ကြေးများ စိစစ်ခြင်း၊ တင်ပြခြင်း။
( ဌ ) ရန်ကုန်တိုင်း ဘဏ်ရှင်းတမ်းများ စီစစ်ခြင်း။
ဦးစီးစာရင်းဌာနစု
၁။ စာရင်းပေါင်းချုပ် ဌာနစိတ်
(က) နေ့စဉ်/အပတ်စဉ်/လစဉ် စာရင်းပေါင်းချုပ် (ရှေ့ပြေး) စာရင်းပြုစုခြင်း။
( ခ) လစဉ်/သုံးလပတ်/လေးလပတ် စာရင်းပေါင်းချုပ်(ရှေ့ပြေး) စာရင်းပြုစုတင်ပြခြင်း။
( ဂ) စာရင်းပေါင်းချုပ် (ရုံးချုပ်၊ ရန်ကုန်၊ နယ်) စိစစ်တင်ပြခြင်း။
(ဃ) အတွင်းစာရင်းစစ် အစစ်ဆေးခံခြင်း။
( င) စာရင်းစစ်ချုပ်ရုံး စာရင်းစစ် အစီရင်ခံစာများအပေါ် အရေးယူဆောင်ရွက်ခြင်းနှင့် သုံးသပ်တင်ပြခြင်း။
( စ) ဦးစီး/စရ ၊ ရသစ စာရင်း (ရုံးချုပ်၊ ရန်ကုန်၊ နယ်) စာရင်းများပြုစုခြင်း။
(ဆ) ရသုံးဦးစီးသို့ ပေးပို့ခြင်း၊ နှစ်ချုပ်စာရင်းရေးဆွဲခြင်း။ (ရသစ-၆၊ စရ-၁ မှ ၅)
( ဇ ) EC အမှာစာများ တင်ပြခြင်း။
( ဈ ) ရုံးချုပ်နှင့်နယ်ရုံးခွဲများ၏ ဌစလချုပ်များစစ်ဆေးခြင်း၊ စုစည်းရေးဆွဲခြင်း၊ ဘဏ်ရှင်းတမ်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း။
(ည) သွင်းကုန်လိုင်စင်ကြေး လချုပ်ပြုစုခြင်း။
( ဋ ) မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
( ဌ ) အထူးစီးပွားရေးဇုန်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၂။ ဝန်ထမ်းရေးရာနှင့်ရုံးလုပ်ငန်းဌာနစိတ်
(က) စီမံရေးရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။
( ခ) Computer/Copier များ စက်ပြင်ဆင်မှုမှတ်တမ်းများ ထိန်းသိမ်းခြင်း။
( ဂ) ဝန်ထမ်းအင်အား၊ ဖွဲ့စည်းပုံကိစ္စရပ်များ ဆောင်ရွက်ခြင်း။
(ဃ) ဝန်ထမ်းတာဝန်သတ်မှတ်ချက်များ ပြုစုတင်ပြခြင်း၊ ရုံးမိန့်များ ထုတ်ပြန်ခြင်း။
( င) ရုံးအသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းခြင်း။
( စ) ဝင်စာ/ထွက်စာများ မှတ်ပုံတင်ခြင်း၊ ဖြန့်ဝေခြင်း၊ စိစစ်ခြင်း။
(ဆ) ဌာနတွင်းဆွေးနွေးပွဲများပြုလုပ်၍ အစည်းအဝေးမှတ်တမ်းများ ရေးသားပြုစုတင်ပြခြင်း။
( ဇ) ရုံးချုပ်၊ ရန်ကုန်နှင့် နယ်စခန်းများမှ Online ဆောင်ရွက်ခရငွေ လက်ခံခြင်း၊ စားစရိတ်၊ နေ့စား လုပ်ခစိစစ်ခွင့်ပြုခြင်း၊
အသုံးစရိတ်တစ်ခုချင်းအတွက် TF-131 မှတ်တမ်းရေးသွင်းခြင်း။
( ဈ ) ဝန်ထမ်းသက်သာရငွေ လက်ခံခြင်း၊ အသုံးစရိတ်ထုတ်ပေးခြင်း။
(ည) ဝန်ထမ်းသက်သာလုပ်ငန်းခွဲစာရင်းများ သုံးသပ်တင်ပြခြင်း။