စီမံရေးရာဌာနခွဲလုပ်ငန်းတာဝန်များ ဝန်ထမ်းစီမံရေးရာဌာနစု
၁။ ဝန်ထမ်းရေးရာဌာနစိတ်
(က) ဝန်ထမ်းများခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း။
( ခ ) ဝန်ထမ်းများပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း။
( ဂ ) ရာထူးအုပ်စုပြောင်းလဲသတ်မှတ်ခြင်း။
(ဃ) လစဉ်ဝန်ထေမ်းအင်အားပြန်တမ်းရေးဆွဲခြင်း။
( င ) ဝန်ထမ်းများ၏ ခွင့်ကိစ္စများဆောင်ရွက်ခြင်း၊ ခွင့်မိန့်များထုတ်ပြန်ခြင်း။
( စ ) ဌာနတွင်းမှုခင်းစစ်ဆေးရေးကိစ္စများဆောင်ရွက်ခြင်း၊ မှုခင်းရုံးအမိန့် များချမှတ်နိုင် ရေး ဌာန အလုပ်အမှုဆောင်ကော်မတီ
သို့တင်ပြခြင်း၊ ဆုံးဖြတ်ချက်များထုတ်ပြန်ခြင်း။
(ဆ) ဌာနတွင်း စစ်ဆေးရေးကိစ္စရပ်များဆောင်ရွက်ခြင်း။
( ဇ ) ဘွဲ့ထူး၊ ဂုဏ်ထူးတိုးမြှင့်ရေးကိစ္စများဆောင်ရွက်ခြင်း။
(ဈ) ပြည်တွင်း၊ ပြည်ပသင်တန်းများသို့ ပညာသင်စေလွှတ်ရေးကိစ္စများတင်ပြခြင်း။
(ည) ဝတ်စုံစရိတ်၊ သင်တန်းစရိတ်များ စိစစ်တင်ပြခြင်း။
( ဋ ) နိုင်ငံခြားသင်တန်းတက်ရောက်မည့်သူများ၏ အချက်အလက်များအား ပြုစုခြင်း၊ တင်ပြခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း။
(ဌ) ဌာနတွင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခြင်း။
( ဍ ) e-Government နှင့်သတင်းအချက်အလက်နည်းပညာလေ့ကျင့်ပညာပေးရေး ဆောင်ရွက် ပေးခြင်း။
( ဎ ) ပြည်တွင်း၊ ပြည်ပသင်တန်းအလိုက် တက်ရောက်ပြီးသူစာရင်း/တက်ရောက်ရန် ကျန်သူစာရင်း များပြုစုခြင်း။
(ဏ) ဝန်ထမ်းရေးရာရုံးမိန့်များထုတ်ပြန်ခြင်း။
(တ) ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စများဆောင်ရွက်ခြင်း။
(ထ) ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားသင်တန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း။
၂။ လစာစရိတ်နှင့် ပင်စင်မှတ်တမ်းဌာနစိတ်
(က) ဝန်ထမ်းမှတ်တမ်းစာအုပ်များအား ရေးသွင်းခြင်း။
( ခ ) ဝန်ထမ်းများကိုယ်ရေးမှတ်တမ်းများပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ GPMS များရေးသွင်းခြင်း။
( ဂ ) ဝန်ထမ်းကဒ်များပြုလုပ်ပေးခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း၊ ပြင်ဆင်ပေးခြင်း။
(ဃ) ဝန်ထမ်းများ၏ နှစ်တိုးကိစ္စများဆောင်ရွက်ခြင်း၊ နှစ်တိုးမိန့်များထုတ်ပေးခြင်း။
( င ) ဝန်ထမ်းများအားအကဲဖြတ်ခြင်း၊ ပုံမှန်ဆောင်ရွက်မှတ်တမ်းတင်ခြင်း။
( စ ) လစာငွေတောင်းခံလွှာများရေးဆွဲခြင်း။
(ဆ) ခရီးစရိတ်တောင်းခံလွှာများ စိစစ်တင်ပြခြင်း။
( ဇ ) ပင်စင်နှင့်ဆုငွေကိစ္စများဆောင်ရွက်ခြင်း။
အထွေထွေစီမံရေးရာနှင့် သယ်ယူပို့ဆောင်ရေးဌာနစု
၁။ အထွေထွေစီမံရေးရာဌာနစိတ်
(က) နိုင်ငံတော်ပိုင်အဆောက်အဦများထိန်းသိမ်းခြင်း၊ ညွှန်ကြားချက်များအရလွှဲပြောင်းအပ်နှံရေးနှင့် ရောင်းချရေး
ကိစ္စများဆောင်ရွက်ခြင်း။
( ခ ) ဌာနပိုင်မြေ၊ အခန်း၊ အဆောက်အဦများငှားရမ်းခြင်း၊ ငှားရမ်းခရငွေများ ကောက်ခံပေးသွင်း ခြင်း။
( ဂ ) နိုင်ငံပိုင်အခန်း၊ အဆောက်အဦများတွင် ဝန်ထမ်းများစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ခွင့် ရရှိရန်စီမံပေးခြင်း၊
နေထိုင်ခွင့်ပြန်လည်ရုပ်သိမ်းခြင်း။
(ဃ) ဌာနပိုင်မြေကွက်များအား စနစ်တကျထိန်းသိမ်းခြင်း။
( င ) နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ မြေပိုင်ဆိုင်မှုနှင့် ပုံသေပိုင်စာရင်းများပြုစုခြင်း။
( စ ) ကုန်သွယ်ရေးဇုန်များ၏ ပုံသေပိုင်ပစ္စည်းများစာရင်းပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ တင်ပြခြင်း။
(ဆ) ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခွင့်တင်ပြ ခြင်း။
( ဇ ) ငွေလုံးငွေရင်းအသုံးစရိတ် တိုးတက်မှုအခြေအနေအပတ်စဉ်၊ လစဉ်၊ သုံးလပတ်ပြန်တမ်းများ ပြုစုတင်ပြခြင်း။
(ဈ) ပုံသေပိုင်ပစ္စည်းများ ဖြန့်ခွဲထားရှိမှုအားပြုစုခြင်း၊ ပစ္စည်းများမှတ်တမ်းတင်ဆောင်ရွက်ခြင်း။
(ည) ရုံးသုံးစက်ကိရိယာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများဝယ်ယူ ဖြည့်တင်းခြင်း၊
ထုတ်ပေးခြင်း၊ စာရင်းမှတ်တမ်းများရေးသွင်းခြင်း။
( ဋ ) တယ်လီဖုန်းနှင့်ဆက်သွယ်ရေးဆိုင်ရာ အခွန်ငွေများပေးဆောင်ခြင်း။
( ဌ ) စက်ကိရိယာများမီးစက်၊ ရေစက်ကြံ့ခိုင်မှု၊ ပြင်ဆင်မှုများ စီမံခန့်ခွဲဆောင်ရွက်ခြင်း။
( ဍ ) လုံခြုံရေးစီမံချက်၊ မီးဘေးကာကွယ်ရေးစီမံချက်များ အခြေအနေနှင့် ကိုက်ညီအောင်ရေးဆွဲ တင်ပြခြင်း။
( ဎ ) နယ်စပ်စခန်းအသီးသီးမှပေးပို့သော ကြေးနန်းများဖမ်းယူခြင်း၊ ဖြန့်ဝေခြင်း၊ ကြေးနန်းများ ပေးပို့ခြင်း။
(ဏ) ဗဟိုစာပေးစာယူကိစ္စရပ်များဆောင်ရွက်ခြင်း။
၂။ သယ်ယူပို့ဆောင်ရေးဌာနစိတ်
(က) ဌာနပိုင် မော်တော်ယာဉ်သက်တမ်းတိုး၊ လိုင်စင်ကိစ္စများဆောင်ရွက်ခြင်း။
( ခ ) မော်တော်ယာဉ်ပြင်ဆင်စရိတ်များ၊ ဗဟိုစက်ပစ္စည်းနှင့်စာရင်းအင်းဌာနသို့ တောင်း ခံခြင်း။
( ဂ ) ယာဉ်ပြင်ဆင်ထိန်းသိမ်းမှုများ၊ ပုံမှန်ကြံ့ခိုင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း။
(ဃ) စက်သုံးဆီစနစ်တကျသုံးစွဲခြင်းနှင့်ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်းပြန်တမ်းများ လစဉ်ပြုစု တင်ပြခြင်း။
( င ) ဝန်ထမ်းကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ အချိန်ပိုတာဝန်ထမ်းဆောင်ခြင်းနှင့် အုပ်ချုပ်မှုသုံးယာဉ် များ စီစဉ်ပေးခြင်း။
( စ ) ပုဂ္ဂိုလ်သုံးယာဉ်များအား စနစ်တကျခွဲဝေသတ်မှတ်ခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း။