စီမံရေးရာဌာနခွဲလုပ်ငန်းတာဝန်များ ဝန်ထမ်းစီမံရေးရာဌာနစု

 

၁။       ဝန်ထမ်းရေးရာဌာနစိတ်

 

            (က)    ဝန်ထမ်းများခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း။

            ( ခ )   ဝန်ထမ်းများပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခွင့်ပြုခြင်း။

( ဂ )   ရာထူးအုပ်စုပြောင်းလဲသတ်မှတ်ခြင်း။

(ဃ)    လစဉ်ဝန်ထေမ်းအင်အားပြန်တမ်းရေးဆွဲခြင်း။

( င )   ဝန်ထမ်းများ၏ ခွင့်ကိစ္စများဆောင်ရွက်ခြင်း၊ ခွင့်မိန့်များထုတ်ပြန်ခြင်း။

( စ )   ဌာနတွင်းမှုခင်းစစ်ဆေးရေးကိစ္စများဆောင်ရွက်ခြင်း၊ မှုခင်းရုံးအမိန့် များချမှတ်နိုင် ရေး ဌာန အလုပ်အမှုဆောင်ကော်မတီ

         သို့တင်ပြခြင်း၊ ဆုံးဖြတ်ချက်များထုတ်ပြန်ခြင်း။

            (ဆ)    ဌာနတွင်း စစ်ဆေးရေးကိစ္စရပ်များဆောင်ရွက်ခြင်း။    

            ( ဇ )   ဘွဲ့ထူး၊ ဂုဏ်ထူးတိုးမြှင့်ရေးကိစ္စများဆောင်ရွက်ခြင်း။

            (ဈ)     ပြည်တွင်း၊ ပြည်ပသင်တန်းများသို့ ပညာသင်စေလွှတ်ရေးကိစ္စများတင်ပြခြင်း။

(ည)    ဝတ်စုံစရိတ်၊ သင်တန်းစရိတ်များ စိစစ်တင်ပြခြင်း။

( ဋ )   နိုင်ငံခြားသင်တန်းတက်ရောက်မည့်သူများ၏ အချက်အလက်များအား ပြုစုခြင်း၊ တင်ပြခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း။

            (ဌ)     ဌာနတွင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခြင်း။

( ဍ )   e-Government နှင့်သတင်းအချက်အလက်နည်းပညာလေ့ကျင့်ပညာပေးရေး ဆောင်ရွက် ပေးခြင်း။

( ဎ )   ပြည်တွင်း၊ ပြည်ပသင်တန်းအလိုက် တက်ရောက်ပြီးသူစာရင်း/တက်ရောက်ရန် ကျန်သူစာရင်း များပြုစုခြင်း။

            (ဏ)   ဝန်ထမ်းရေးရာရုံးမိန့်များထုတ်ပြန်ခြင်း။

            (တ)    ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စများဆောင်ရွက်ခြင်း။

            (ထ)    ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားသင်တန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း။

၂။       လစာစရိတ်နှင့် ပင်စင်မှတ်တမ်းဌာနစိတ်

           (က)    ဝန်ထမ်းမှတ်တမ်းစာအုပ်များအား ရေးသွင်းခြင်း။

           ( ခ )   ဝန်ထမ်းများကိုယ်ရေးမှတ်တမ်းများပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ GPMS များရေးသွင်းခြင်း။

           ( ဂ )   ဝန်ထမ်းကဒ်များပြုလုပ်ပေးခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း၊ ပြင်ဆင်ပေးခြင်း။

           (ဃ)    ဝန်ထမ်းများ၏ နှစ်တိုးကိစ္စများဆောင်ရွက်ခြင်း၊ နှစ်တိုးမိန့်များထုတ်ပေးခြင်း။  

           ( င )   ဝန်ထမ်းများအားအကဲဖြတ်ခြင်း၊ ပုံမှန်ဆောင်ရွက်မှတ်တမ်းတင်ခြင်း။

           ( စ )   လစာငွေတောင်းခံလွှာများရေးဆွဲခြင်း။

           (ဆ)    ခရီးစရိတ်တောင်းခံလွှာများ စိစစ်တင်ပြခြင်း။

           ( ဇ )   ပင်စင်နှင့်ဆုငွေကိစ္စများဆောင်ရွက်ခြင်း။

          အထွေထွေစီမံရေးရာနှင့် သယ်ယူပို့ဆောင်ရေးဌာနစု

၁။       အထွေထွေစီမံရေးရာဌာနစိတ်

(က)    နိုင်ငံတော်ပိုင်အဆောက်အဦများထိန်းသိမ်းခြင်း၊ ညွှန်ကြားချက်များအရလွှဲပြောင်းအပ်နှံရေးနှင့် ရောင်းချရေး

          ကိစ္စများဆောင်ရွက်ခြင်း။

( ခ )   ဌာနပိုင်မြေ၊ အခန်း၊ အဆောက်အဦများငှားရမ်းခြင်း၊ ငှားရမ်းခရငွေများ ကောက်ခံပေးသွင်း ခြင်း။

( ဂ )   နိုင်ငံပိုင်အခန်း၊ အဆောက်အဦများတွင် ဝန်ထမ်းများစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ခွင့် ရရှိရန်စီမံပေးခြင်း၊

         နေထိုင်ခွင့်ပြန်လည်ရုပ်သိမ်းခြင်း။

            (ဃ)    ဌာနပိုင်မြေကွက်များအား စနစ်တကျထိန်းသိမ်းခြင်း။

            ( င )   နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ မြေပိုင်ဆိုင်မှုနှင့် ပုံသေပိုင်စာရင်းများပြုစုခြင်း။

( စ )   ကုန်သွယ်ရေးဇုန်များ၏ ပုံသေပိုင်ပစ္စည်းများစာရင်းပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ တင်ပြခြင်း။

(ဆ)    ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခွင့်တင်ပြ ခြင်း။

( ဇ )   ငွေလုံးငွေရင်းအသုံးစရိတ် တိုးတက်မှုအခြေအနေအပတ်စဉ်၊ လစဉ်၊ သုံးလပတ်ပြန်တမ်းများ ပြုစုတင်ပြခြင်း။

(ဈ)     ပုံသေပိုင်ပစ္စည်းများ ဖြန့်ခွဲထားရှိမှုအားပြုစုခြင်း၊ ပစ္စည်းများမှတ်တမ်းတင်ဆောင်ရွက်ခြင်း။

(ည)    ရုံးသုံးစက်ကိရိယာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများဝယ်ယူ ဖြည့်တင်းခြင်း၊

          ထုတ်ပေးခြင်း၊ စာရင်းမှတ်တမ်းများရေးသွင်းခြင်း။

           ( ဋ )   တယ်လီဖုန်းနှင့်ဆက်သွယ်ရေးဆိုင်ရာ အခွန်ငွေများပေးဆောင်ခြင်း။

( ဌ )   စက်ကိရိယာများမီးစက်၊ ရေစက်ကြံ့ခိုင်မှု၊ ပြင်ဆင်မှုများ စီမံခန့်ခွဲဆောင်ရွက်ခြင်း။    

( ဍ )   လုံခြုံရေးစီမံချက်၊ မီးဘေးကာကွယ်ရေးစီမံချက်များ အခြေအနေနှင့် ကိုက်ညီအောင်ရေးဆွဲ တင်ပြခြင်း။

( ဎ )   နယ်စပ်စခန်းအသီးသီးမှပေးပို့သော ကြေးနန်းများဖမ်းယူခြင်း၊ ဖြန့်ဝေခြင်း၊ ကြေးနန်းများ ပေးပို့ခြင်း။

            (ဏ)   ဗဟိုစာပေးစာယူကိစ္စရပ်များဆောင်ရွက်ခြင်း။

၂။       သယ်ယူပို့ဆောင်ရေးဌာနစိတ်

 (က)    ဌာနပိုင် မော်တော်ယာဉ်သက်တမ်းတိုး၊ လိုင်စင်ကိစ္စများဆောင်ရွက်ခြင်း။

( ခ )   မော်တော်ယာဉ်ပြင်ဆင်စရိတ်များ၊ ဗဟိုစက်ပစ္စည်းနှင့်စာရင်းအင်းဌာနသို့ တောင်း ခံခြင်း။

            ( ဂ )   ယာဉ်ပြင်ဆင်ထိန်းသိမ်းမှုများ၊ ပုံမှန်ကြံ့ခိုင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

(ဃ)    စက်သုံးဆီစနစ်တကျသုံးစွဲခြင်းနှင့်ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်းပြန်တမ်းများ လစဉ်ပြုစု တင်ပြခြင်း။

( င )   ဝန်ထမ်းကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ အချိန်ပိုတာဝန်ထမ်းဆောင်ခြင်းနှင့် အုပ်ချုပ်မှုသုံးယာဉ် များ စီစဉ်ပေးခြင်း။

            ( စ )   ပုဂ္ဂိုလ်သုံးယာဉ်များအား စနစ်တကျခွဲဝေသတ်မှတ်ခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း။