စိုက်ပျိုးရေးသွင်းအားစုများ ကျပ်သိန်း ၁၂၀ ကျော်ဖိုး Mobile Team က သိမ်းဆည်းရမိ

Wed, 01/21/2015 - 10:19 -- admin_ygn

   မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team မှ ၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိသိမ်းဆည်းရမိတဲ့အပင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းဆေးနဲ့ အပင်အားဆေးများမှာ အမှုတွဲအားဖြင့် ၁၀ ခု တန်ဖိုးအားဖြင့် ခန့်မှန်းကျပ် ၁၂၆ ဒသမ ၄၈၀ သိန်းဖိုးသိမ်းဆည်းရမိထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိမှု အသေးစိတ်မှာ ပိုးသတ်ဆေး  အမှုတွဲ ၃ ခု၊ အရေအတွက် ၆၉၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုး ကျပ် ၃၄ ဒသမ ၅၀၀ သိန်း၊ ပေါင်းသတ်ဆေး အမှုတွဲ ၂ ခု၊ အရေအတွက် ၁၀၂၀ လီတာ၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၃ ဒသမ ၉၀၀ သိန်း၊ ရွက်ဖြန်းဆေး အမှုတွဲ  ၄ ခု ၁၅၉၄ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၉၅၀ သိန်း၊ အပင်အားဆေး ၆၂၁ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၆ ဒသမ ၁၃၀ သိန်း အသီးသီးဖြစ်ပါတယ်။ အဆိုပါ သိမ်းဆည်းရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖျက်ဆီးပြီးဖြစ်တယ်လို့သိရပါ တယ်။
  Mobile Team အဖွဲ့မှ တားဆီးအရေးယူပြီး ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော စိုက်ပျိုးထုတ်လုပ် သူ တောင်သူများရဲ့ အရည်အသွေးစံချိန်စံညွှန်းမမီသော တစ်ဖက်နိုင်ငံမှ ဈေးနှုန်းချိုသာစွာမှာယူ၍ တရားမဝင်တင်သွင်းလာတဲ့ အပင်ဆေးဝါး (သွင်းအားစု) များအား လွဲမှားစွာ ဝယ်ယူအသုံးပြုခြင်းကြောင့် စိုက်ပျိုးထွက်ရှိပမာဏကျဆင်းပြီး လူမှုစီးပွားဘဝကိုပါ ထိခိုက်ပျက်စီးစေခြင်းမှ ကြိုတင်တားဆီးအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။
   ၎င်းအပင်ဆေးဝါးများကို အသုံးပြုမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးရာမှ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်ပျက်စီးစေနိုင်တဲ့ ဘေးအန္တ ရာယ်မှလည်း ကာကွယ်တားဆီးရာရောက်ပြီး စိုက်ပျိုးထွက်ရှိလာတဲ့ သီးနှံများကို တင်ပို့ရောင်းချရာမှာလည်း ဆေးဝါး အာနိသင်များကျန်ရှိနေသဖြင့်  မိမိတို့ကုန်ပစ္စည်းများကို ဝယ်ယူတဲ့ (Buyer) နိုင်ငံများကလည်း စိစစ်ကန့်ကွက်ခြင်းကြောင့် ပို့ကုန်ဈေးကွက်ပျက်စေမှာဖြစ် ပါတယ်။ Mobile Team အဖွဲ့များအနေနဲ့နိုင်ငံတော်မှ ချမှတ်ထားတဲ့ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရေးအထောက်အကူပြုကာကွယ်တားဆီးအရေးယူဆောင်ရွက်နေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

DCCA

 

Border Trade News

Pages