ပြောင်းတန်ချိန် သုံးသောင်းခွဲနီးပါးမျှသာတင်ပို့

Fri, 01/09/2015 - 13:38 -- admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်စခန်း များမှ ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း  ကန်ဒေါ်လာ ၉ ဒသမ ၇၅၁ သန်း တန်ဖိုးရှိ ပြောင်း ဖူးစေ့ ၃၄၈၀၆ တန်ကိုတင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၃၀၀၁၅ တန်၊ ချင်းရွှေဟော်မှ ၄၂၉၆ တန်နဲ့ လွယ်ဂျယ်မှ ၄၉၅ တန်ဖြစ် ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စခန်းစုံကနေ ပြောင်းဖူးစေ့ ၃၈၂၃၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုရက်သတ္တပတ်မှာ ၃၄၂၅ တန်ခန့် တင်ပို့မှုတွေလျော့နည်းသွားခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းက ဒီတစ်ပတ်မှာပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်ရက်သတ္တပတ်က ပြောင်းတစ်တန် ကို မိမိဘက်ဈေး ၂၈၆၂၀၄ ကျပ်ရှိခဲ့ပြီး ယခုရက်သတ္တပတ်မှာ ၂၇၆၁၇၁ ကျပ်သို့ ဈေးထပ်မံကျဆင်းခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ပုံမှန်ရှိပေမယ့် ဈေးကောင်းမရ ဘဲ အောက်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှသိရပါတယ်။  မန္တလေး-မူဆယ် ကုန်စည်သယ်ယူခမှာ ယခင်ရက်သတ္တပတ်က ပြောင်းတစ်ပိဿ   ာကို ၈၇-၈၄ ကျပ် ရှိပြီး ယခုရက်သတ္တပတ်မှာ  ၉၃-၈၇ ကျပ်သို့ သယ်ပို့ကားခများအနည်းငယ်မြင့်တက်သွားကြောင်းသတင်းရရှိပါတယ်။

မော်မော်အောင် MIRT (DCCA)

Border Trade News

Pages