မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ နိုဝင်ဘာလကထက် ရေထွက်ကုန်များပိုမိုတင်ပို့

Fri, 01/09/2015 - 13:36 -- admin_ygn

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ  ၂၆ ရက်နေ့ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၆၀၆ သန်းဖိုးရှိ ရေထွက်ကုန်  ၆၂၉ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ အနီးစပ်ဆုံး နိုဝင်ဘာလတစ်လုံး အတွင်းမှာတော့  ကန်ဒေါ်လာ သုည  ဒသမ ၅၄၄ သန်းဖိုးရှိရေထွက်ကုန်  ၃၇၃ တန်ခန့်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ဒီဇင်ဘာလ တတိယပတ်အထိမှာ ၂၅၆ တန်ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။  ယခုလို ပိုမို ရခြင်းမှာ စစ်တွေစခန်းမှ ရေချိုငါးနဲ့ မောင်တောစခန်းမှ ငါးခြောက်မျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။
   စစ်တွေစခန်းက ရေချိုငါး တင်ပို့မှုကို ကြည့်ပါက ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရေချိုငါးများဖြစ်တဲ့ ငါးမြစ်ချင်း  ၂၆၇ တန်နဲ့ ငါးခေါင်းပွ  ၂၈ တန်တင်ပို့ထားပါ တယ်။  မောင်တောစခန်းကတော့ ကန်ဒေါ်လာ သုည ဒသမ ၂၉၄ သန်းဖိုးရှိတဲ့ ငါးနီ တူခြောက်  ၆၅တန်၊ ငါးစုံလေးခြောက်  ၂၁၅ တန်ကျော်၊ ငါးကုန်းညိုခြောက် ၃၅ တန် နဲ့ ရေငန်ပုစွန် ၁၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာ့ရေထွက်ကုန်များကိုဝယ်ယူပြီး ပြန်လည်ပြုပြင်ကာ အနောက်ဥရောပနိုင်ငံများသို့ ဆက်လက် တင်ပို့ကြောင်းလည်းသိရှိရပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)

 

Border Trade News

Pages