တာချီလိတ် Mobile Team က ဖမ်းဆီးရမိပစ္စည်းများ လေလံတင်ထုခွဲရောင်းချခြင်းနဲ့ FDA ထောက်ခံချက်မပါရှိတဲ့ စားသောက်ကုန်များအားဖျက်ဆီး

Tue, 01/06/2015 - 14:08 -- admin_ygn

တာချီလိတ် Mobile Team  ကဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းများအနက် မီးဘေးအန္တရာယ်ရှိတဲ့  Gas Lighter ၁၉၁ ဖာကို ဒီဇင် ဘာလ ၃၁ ရက်နေ့က လေလံတင်ထုခွဲရောင်းချခဲ့ရာ ကျပ် သိန်း တစ်ရာ့နှစ်ဆယ်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ လေလံထုခွဲရာမှာ ငါးဦးက လေလံဆွဲခဲ့ကြပြီး လေလံအောင်သူ၏ရောင်းချရငွေများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ သတ် မှတ်ငွေစာရင်းသို့ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၃၁ ရက် ၁၃း၀၀ချိန်မှာ ပြည်သူလူထုစားသုံးရန်မသင့်တဲ့ FDAထောက်ခံချက်မပါရှိတဲ့ခေါက်ဆွဲခြောက်၊ ေ၀ ဖာ၊ ငါးသေတ္တာ၊ ပဲနို့ရည်၊ ခနောကြက်သားမှုန့်၊ Zhulian အမှတ်တံဆိပ်ပါကော်ဖီမစ် ခန့်မှန်းတန်ဖိုးကျပ် ၆ ဒသမ ၈၂၂ သိန်းအား အဖွဲ့စုံနဲ့ မီးရှို့ဖျက်ဆီးပစ်ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

DCCA

Border Trade News

Pages