ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ တမလန်းသစ်များသိမ်းဆည်းရမိ

Thu, 12/11/2014 - 14:21 -- admin_ygn

  ရှောင်ကွင်းလမ်းများတွင် တရားမဝင်ကုန်ပစ္စည်းများသယ်ယူနေမှုနဲ့ပတ်သက်ပြီး မြေပြင်သတင်းများအရ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ်အင်အား  အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၃း၀၀ ချိန်တွင် ပွိုင့် (၄၅၆၁)   တောင်ကြောဘက်မှ မူဆယ်စက်မှုဇုန်သို့ဝင်ရောက်သည့်လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် 8C/xxxx Super Custom ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၂၀ ဖိုးခန့်ရှိ တမလန်း သစ်ဟုယူဆရ တဲ့ သစ်တုံး ၂၃ တုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက် ၁၅း၀၀ နာရီ   တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် 8D/xxxx Canter (၆) ဘီးယာဉ်ပေါ်မှ တမလန်းသစ်ဟုယူဆ ရတဲ့ ခန့်မှန်း တန်ဖိုး ကျပ်သိန်း ၁၈၀ ခန့်ရှိ သစ်တုံးအကြီး ၂၃ တုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တမလန်းသစ်များတင်ဆောင်လာတဲ့ ယာဉ်နှစ်စီးနဲ့ သစ် များအား လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်ကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

DCCA

Border Trade News

Pages