တရားမဝင်အကောက်ခွန်မဲ့ မုန်ညှင်းချဉ်၊ မာလာခေါက်ဆွဲခြောက်နဲ့ တရုတ်ကြက်သွန်ဖြူ ကျပ် ၂၇ သိန်းနီးပါးဖိုးရှာဖွေတွေ့ရှိ

Thu, 12/04/2014 - 14:29 -- admin_ygn

   မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်စားသုံးသူအကာအကွယ်ပေးရေး တာဝန်ယူထမ်းဆောင်လျက်ရှိသော နောင်ချို ယာယီ အခြေပြု လရ-၁ အဖွဲ့သို့ နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲ ၁၄း၃၀ ချိန်ခန့်က ဝင်ရောက်စစ်ဆေးခံတဲ့ မူဆယ်မှဆင်းလာသော Light Truck  ယာဉ်ပေါ်မှ ကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ မုန်ညှင်းချဉ် (၁ x၂၀၀ ဂရမ် x ၅၀ ထုတ်) ၁၄၃ ဖာ၊ ကျပ် ၃ ဒသမ ၈၀၀သိန်းတန်ဖိုးရှိ မာလာခေါက်ဆွဲခြောက် ၃၈ ဖာနဲ့ ကျပ် ၁ ဒသမ ၇၁၆ သိန်းတန်ဖိုးရှိ တရုတ် ကြက်သွန်ဖြူ (၁ x ၂၀ ကီလိုဂရမ်) ၂၂ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှာ FDA ၏ ထောက်ခံချက်၊ သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဆောင်ပြီး စာရွက်စာတမ်းတစ်စုံတစ်ရာမှ မတွေ့ရှိရဘဲ သိန္နီမြို့တွင် ပြည်တွင်းအခွန်ပေးဆောင်ထားသော စာရွက်စာတမ်းသာတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ရတယ်လို့သတင်းရရှိပါတယ်။

DCCA

Border Trade News

Pages