FDA ထောက်ခံချက်မပါရှိသည့် စားသောက်ကုန်များအား မီးရှို့ဖျက်ဆီး

Thu, 12/04/2014 - 14:23 -- admin_ygn

   ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်၊ ၂၅ ရက် နေ့နဲ့ နိုဝင်ဘာလ ၄ ရက်များနေ့က  ကာစွယ်ကျေးရွာအနီးလမ်းဘေးမှသိမ်းဆည်းရမိသော FDA ထောက်ခံချက်မပါသော တစ်ဖက်နိုင်ငံလုပ် ခေါက်ဆွဲခြောက်များ၊ နောင်ကန်ကျေးရွာအနီးလမ်းဘေးမှဖမ်းဆီးရမိ ခဲ့သော စားသောက်ကုန်ပစ္စည်းများ၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၂၅ ဒသမ ၃၈၀ အား နိုဝင်ဘာလ ၂၆ ရက်နေ့  ၁၆ း ၀၀ ချိန်မှာ Mobile Team အဖွဲ့စုံ ရှေ့မှောက်မှာ မီးရှို့ ဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
   သိမ်းဆည်းရမိတဲ့စားသောက်ကုန်များကတော့ ခေါက်ဆွဲခြောက်၊ သကြားလုံး၊ ပီကေ၊ ဂျယ်လီ၊ ချောကလက်မုန့်၊ ယိုပေါင်မုန့်၊ Custard pie မုန့်၊ ကြက်သဲမြစ်မုန့်၊ ငါးမုန့်၊ အာလူးကြော်၊ ရှောက်သီးဆေးပြား၊ သောက်ရေသန့်တို့ဖြစ်ကြပါတယ်။

DCCA

Border Trade News

Pages