မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၀၁၂၈၉.၇၀၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၆.၄၈၆)သန်း၊ နယ်စပ်မှ (၂၃၇၃၀.၃၁၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉.၉၇၄)သန်း၊ စုစုပေါင်း (၆၂၅၀၂၀.၀၁၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၃၆.၄၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
| စဉ် | အကြောင်းအရာ | 
 | ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  | ||
| ပင်လယ် | နယ်စပ် | ပေါင်း | |||
| ၁ | မတ်ပဲ | US$ | ၂၂၆.၂၄၉ | ၀.၀၆၂ | ၂၂၆.၃၁၁ | 
| မတန် | ၂၃၁၃၇၉.၂၁၇ | ၆၆.၀၀၀ | ၂၃၁၄၄၅.၂၁၇ | ||
| ၂ | ပဲတီစိမ်း | US$ | ၁၂၈.၁၆၁ | ၁.၅၈၂ | ၁၂၉.၇၄၃ | 
| မတန် | ၁၉၅၉၈၂.၆၅၆ | ၂၅၁၀.၅၁၆ | ၁၉၈၄၉၃.၁၇၂ | ||
| ၃ | ပဲစဉ်းငုံ | US$ | ၉၇.၇၂၁ | 
 | ၉၇.၇၂၁ | 
| မတန် | ၈၅၂၄၂.၀၀၀ | 
 | ၈၅၂၄၂.၀၀၀ | ||
| ၄ | ကုလားပဲ | US$ | ၁.၅၉၉ | 
 | ၁.၅၉၉ | 
| မတန် | ၁၈၁၆.၈၁၆ | 
 | ၁၈၁၆.၈၁၆ | ||
| ၅ | ပဲလွန်းဖြူ | US$ | ၁၂.၉၈၂ | 
 | ၁၂.၉၈၂ | 
| မတန် | ၁၉၄၉၀.၉၁၃ | 
 | ၁၉၄၉၀.၉၁၃ | ||
| ၆ | မြေထောက်ပဲ | US$ | ၈.၂၅၆ | ၁.၆၆၉ | ၉.၉၂၅ | 
| မတန် | ၈၀၃၉.၇၇၅ | ၁၄၆၁.၀၀၀ | ၉၅၀၀.၇၇၅ | ||
| ၇ | ထောပတ်ပဲ | US$ | ၁၂.၉၁၅ | ၈.၁၇၉ | ၂၁.၀၉၄ | 
| မတန် | ၁၁၆၄၅.၉၉၀ | ၇၄၄၁.၅၀၀ | ၁၉၀၈၇.၄၉၀ | ||
| ၈ | ပဲယင်း | US$ | ၁၈.၆၈၂ | ၃.၃၂၈ | ၂၂.၀၁၀ | 
| မတန် | ၃၃၉၅၆.၄၃၆ | ၅၈၁၂.၉၉၀ | ၃၉၇၆၉.၄၂၆ | ||
| ၉ | ပဲကြီး | US$ | ၂.၈၁၁ | ၂.၂၄၄ | ၅.၀၅၅ | 
| မတန် | ၃၀၆၄.၁၂၂ | ၂၄၉၅.၀၀၀ | ၅၅၅၉.၁၂၂ | ||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၄၀၄ | 
 | ၁.၄၀၄ | 
| မတန် | ၂၃၈၆.၃၇၃ | 
 | ၂၃၈၆.၃၇၃ | ||
| ၁၁ | စွန်တာပြာ | US$ | ၀.၂၇၉ | 
 | ၀.၂၇၉ | 
| မတန် | ၄၄၇.၃၀၀ | 
 | ၄၄၇.၃၀၀ | ||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | 
 | ၀.၀၅၉ | ၀.၀၅၉ | 
| မတန် | 
 | ၉၉.၀၀၀ | ၉၉.၀၀၀ | ||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၂၈ | 
 | ၀.၀၂၈ | 
| မတန် | ၂၄.၀၀၀ | 
 | ၂၄.၀၀၀ | ||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၄.၇၇၆ | 
 | ၄.၇၇၆ | 
| မတန် | ၇၁၇၀.၈၇၅ | 
 | ၇၁၇၀.၈၇၅ | ||
| ၁၅ | ပဲပုတ်စေ့ | US$ | 
 | 
 | 
 | 
| မတန် | 
 | 
 | 
 | ||
| ၁၆ | ပဲနီကြား | US$ | 
 | ၁.၂၁၉ | ၁.၂၁၉ | 
| မတန် | 
 | ၂၀၂၉.၀၀၀ | ၂၀၂၉.၀၀၀ | ||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၉၃ | ၀.၅၅၇ | ၀.၇၅၀ | 
| မတန် | ၂၉၉.၉၉၃ | ၈၅၆.၀၀၀ | ၁၁၅၅.၉၉၃ | ||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၈၈ | ၀.၈၉၃ | ၁.၂၈၁ | 
| မတန် | ၂၉၀.၄၄၇ | ၆၉၀.၃၀၇ | ၉၈၀.၇၅၄ | ||
| ၁၉ | အခြားပဲ | US$ | ၀.၀၄၂ | ၀.၁၈၂ | ၀.၂၂၄ | 
| မတန် | ၅၂.၇၈၉ | ၂၆၉.၀၀၀ | ၃၂၁.၇၈၉ | ||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၁၆.၄၈၆ | ၁၉.၉၇၄ | ၅၃၆.၄၆၀ | |
| မတန် | ၆၀၁၂၈၉.၇၀၂ | ၂၃၇၃၀.၃၁၃ | ၆၂၅၀၂၀.၀၁၅ | ||
