မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၁၅၅၂၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၆.၇၀၈)သန်း၊ နယ်စပ်မှ (၁၆၁၂၉.၆၉၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄.၇၅၀)သန်း၊ စုစုပေါင်း (၁၃၁၆၅၂.၃၇၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၁.၄၅၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၇-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၅၆၁၅၃.၆၂၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၅.၃၁၂)သန်း၊ နယ်စပ်မှ (၁၁၆၁၆.၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀.၂၅)သန်း၊ စုစုပေါင်း (၃၆၇၇၆၉.၇၉၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၁၅.၅၆၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၇-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၁၇-၅-၂၀၂၄) ထိ |
||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
၁ | မတ်ပဲ | US$ | ၁၃၈.၆၈၂ | ၀.၀၆၂ | ၁၃၈.၇၄၄ |
မတန် | ၁၄၃၄၉၃.၇၁၃ | ၆၆.၀၀၀ | ၁၄၃၅၅၉.၇၁၃ | ||
၂ | ပဲတီစိမ်း | US$ | ၆၉.၃၆၉ | ၀.၀၉၁ | ၆၉.၄၆၀ |
မတန် | ၁၀၅၇၁၄.၂၈၀ | ၁၂၇.၀၀၀ | ၁၀၅၈၄၁.၂၈၀ | ||
၃ | ပဲစဉ်းငုံ | US$ | ၅၆.၃၃၈ | ၅၆.၃၃၈ | |
မတန် | ၅၀၃၄၈.၀၀၀ | ၅၀၃၄၈.၀၀၀ | |||
၄ | ကုလားပဲ | US$ | ၁.၀၀၃ | ၁.၀၀၃ | |
မတန် | ၁၁၃၁.၅၆၁ | ၁၁၃၁.၅၆၁ | |||
၅ | ပဲလွန်းဖြူ | US$ | ၈.၀၂၈ | ၈.၀၂၈ | |
မတန် | ၁၂၃၁၆.၅၄၃ | ၁၂၃၁၆.၅၄၃ | |||
၆ | မြေထောက်ပဲ | US$ | ၄.၇၅၇ | ၁.၄၁၈ | ၆.၁၇၅ |
မတန် | ၄၆၂၉.၁၄၉ | ၁၂၃၁.၀၀၀ | ၅၈၆၀.၁၄၉ | ||
၇ | ထောပတ်ပဲ | US$ | ၈.၀၆၉ | ၄.၅၆၉ | ၁၂.၆၃၈ |
မတန် | ၇၂၄၄.၈၄၀ | ၄၂၅၀.၀၀၀ | ၁၁၄၉၄.၈၄၀ | ||
၈ | ပဲယင်း | US$ | ၁၁.၉၇၄ | ၁.၂၇၅ | ၁၃.၂၄၉ |
မတန် | ၂၁၆၉၅.၅၆၆ | ၂၃၃၃.၉၉၀ | ၂၄၀၂၉.၅၅၆ | ||
၉ | ပဲကြီး | US$ | ၂.၂၇၄ | ၁.၂၁၃ | ၃.၄၈၇ |
မတန် | ၂၄၈၆.၂၆၅ | ၁၃၅၀.၀၀၀ | ၃၈၃၆.၂၆၅ | ||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၁၈ | ၀.၆၁၈ | |
မတန် | ၁၀၀၆.၂၂၃ | ၁၀၀၆.၂၂၃ | |||
၁၁ | စွန်တာပြာ | US$ | ၀.၁၉၃ | ၀.၁၉၃ | |
မတန် | ၃၀၉.၀၀၀ | ၃၀၉.၀၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၃၉ | ၀.၀၃၉ | |
မတန် | ၆၄.၀၀၀ | ၆၄.၀၀၀ | |||
၁၃ | ပဲဖြူလေး | US$ | |||
မတန် | |||||
၁၄ | ဘိုကိတ်ပဲ | US$ | ၃.၆၂၃ | ၃.၆၂၃ | |
မတန် | ၅၃၃၉.၀၀၀ | ၅၃၃၉.၀၀၀ | |||
၁၅ | ပဲပုတ်စေ့ | US$ | |||
မတန် | |||||
၁၆ | ပဲနီကြား | US$ | ၀.၇၃၂ | ၀.၇၃၂ | |
မတန် | ၁၂၂၀.၀၀၀ | ၁၂၂၀.၀၀၀ | |||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၆၁ | ၀.၃၆၃ | ၀.၅၂၄ |
မတန် | ၂၅၀.၀၀၀ | ၅၅၇.၀၀၀ | ၈၀၇.၀၀၀ | ||
၁၈ | မြေပဲဆံ | US$ | ၀.၁၈၂ | ၀.၄၁၉ | ၀.၆၀၁ |
မတန် | ၁၃၉.၇၀၀ | ၃၁၁.၁၈၀ | ၄၅၀.၈၈၀ | ||
၁၉ | အခြားပဲ | US$ | ၀.၀၄၁ | ၀.၀၆၉ | ၀.၁၁၀ |
မတန် | ၄၉.၇၈၉ | ၁၀၆.၀၀၀ | ၁၅၅.၇၈၉ | ||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၀၅.၃၁၂ | ၁၀.၂၅၀ | ၃၁၅.၅၆၂ | |
မတန် | ၃၅၆၁၅၃.၆၂၉ | ၁၁၆၁၆.၁၇၀ | ၃၆၇၇၆၉.၇၉၉ |