မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၈-၁၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၄၄၇၈၈.၁၅၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၉၇.၇၄၇)သန်း၊ နယ်စပ်မှ (၁၃၅၃၄၇.၃၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၆.၂၈၂) သန်း၊ စုစုပေါင်း (၁၀၈၀၁၃၅.၅၅၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉၁၄.၀၂၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၈-၁၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၈-၁၂-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၈၅.၀၆၃ | ၂.၈၃၅ | ၄၈၇.၈၉၈ | |
| ကီလို | ၅၃၃၈၅၄.၃၄၅ | ၂၅၅၈.၈၂၅ | ၅၃၆၄၁၃.၁၇၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၅၁.၃၀၉ | ၃၈.၅၁၆ | ၁၈၉.၈၂၅ | |
| ကီလို | ၂၂၃၃၅၅.၉၂၅ | ၅၆၅၇၂.၉၀၆ | ၂၇၉၉၂၈.၈၃၁ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၀၁.၉၇၂ | ၀.၀၀၀ | ၁၀၁.၉၇၂ | |
| ကီလို | ၁၁၃၈၆၉.၄၄၃ | ၀.၀၀၀ | ၁၁၃၈၆၉.၄၄၃ | |||
| ၄ | ကုလားပဲ | US$ | ၃.၃၂၉ | ၀.၀၀၀ | ၃.၃၂၉ | |
| ကီလို | ၃၃၂၀.၅၅၈ | ၀.၀၀၀ | ၃၃၂၀.၅၅၈ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၇.၄၆၀ | ၃.၁၉၄ | ၂၀.၆၅၄ | |
| ကီလို | ၂၆၇၇၀.၅၅၆ | ၅၂၁၆.၉၁၈ | ၃၁၉၈၇.၄၇၄ | |||
| ၆ | မြေထောက်ပဲ | US$ | ၉.၉၅၅ | ၁၇.၃၂၅ | ၂၇.၂၈၀ | |
| ကီလို | ၉၅၄၂.၀၆၂ | ၁၁၉၈၉.၁၄၇ | ၂၁၅၃၁.၂၀၉ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၂.၁၈၁ | ၆.၆၇၈ | ၁၈.၈၅၉ | |
| ကီလို | ၁၂၂၉၇.၇၁၄ | ၆၁၆၁.၅၈၁ | ၁၈၄၅၉.၂၉၅ | |||
| ၈ | ပဲယင်း | US$ | ၁၀.၁၂၇ | ၂၃.၈၇၉ | ၃၄.၀၀၆ | |
| ကီလို | ၁၃၉၅၅.၇၃၂ | ၂၉၃၄၃.၁၁၅ | ၄၃၂၉၈.၈၄၇ | |||
| ၉ | ပဲကြီး | US$ | ၂.၅၃၉ | ၁.၀၉၇ | ၃.၆၃၆ | |
| ကီလို | ၂၄၇၇.၂၂၂ | ၁၀၉၄.၅၀၀ | ၃၅၇၁.၇၂၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၂၃၆ | ၁.၂၃၆ | ||
| ကီလို | ၁၉၀၁.၀၂၀ | ၁၉၀၁.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၅၉၈ | ၀.၀၀၀ | ၀.၅၉၈ | |
| ကီလို | ၉၀၇.၆၈၀ | ၀.၀၀၀ | ၉၀၇.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၄ | ၃.၁၁၄ | ||
| ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၅၆၁ | ၀.၀၀၀ | ၁.၅၆၁ | |
| ကီလို | ၂၂၅၆.၇၅၅ | ၀.၀၀၀ | ၂၂၅၆.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
| ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
| ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
| ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၇၁၃ | ၁၆.၁၀၃ | |
| ကီလို | ၂၅၅.၀၀၀ | ၁၀၄၂၈.၇၅၈ | ၁၀၆၈၃.၇၅၈ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၉ | ၁.၀၇၅ | ၁.၀၉၄ | |
| ကီလို | ၁၅.၄၁၅ | ၁၇၈၈.၁၀၀ | ၁၈၀၃.၅၁၅ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၉၇.၇၄၇ | ၁၁၆.၂၈၂ | ၉၁၄.၀၂၉ | ||
| ကီလို | ၉၄၄၇၈၈.၁၅၇ | ၁၃၅၃၄၇.၃၉၈ | ၁၀၈၀၁၃၅.၅၅၅ | |||
| Source: Customs | ||||||
