ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်း ဖြစ်ပြီး (၄-၃-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၄.၇၇၇)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၁၉ .၄၉၇ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ ပို့ကုန်တန်ချိန် (၁၇၈၀.၆၄၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၇၇)သန်းနှင့် သွင်းကုန်တန်ချိန် (၃၅၉.၅၅၂)တန် ၊ (၁၁၀၈၆)U ၊ (၁၂၀၉၆)L ၊ (၁၅၀၀) BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၆၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ(၂.၁၃၉) သန်းဖြစ်ပါသည်။
ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် (၁၇၃၇.၃၆၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၀၃)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၄၃.၂၈၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၄) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် အမည် အရေအတွက် ဈေးနှုန်း
(၁) စက်ကလပ် ၁ ကီလိုဂရမ် ၁.၀၀၀ ဒေါ်လာ
(၂) ပလာလန်း ၁ ကီလိုဂရမ် ၁.၁၀၀ ဒေါ်လာ
(၃) ပုဇွန်ဖြူ ၁ ကီလိုဂရမ် ၆.၉၀၀ ဒေါ်လာ
(၄) လူးစီ(200-300 gm) ၁ ကီလိုဂရမ် ၁.၂၀၀ ဒေါ်လာ
(၅) ငါးဗျောသီး(100-200 gm) ၁ ကီလိုဂရမ် ၀.၇၅၀ ဒေါ်လာ
(၆) ပုဇွန်ကြမ်း ၁ ကီလိုဂရမ် ၅.၂၀၀ ဒေါ်လာ
(၇) ကင်းမွန်လိပ်(70 gm down) ၁ ကီလိုဂရမ် ၂.၀၁၀ ဒေါ်လာ
(၈) ကင်းမွန်ရှည်(8-12 cm) ၁ ကီလိုဂရမ် ၂.၁၀၀ ဒေါ်လာ
(၉) သဲဂဏန်း ၁ ကီလိုဂရမ် ၃.၈၉၀ ဒေါ်လာ
` (၁၀) ငါးချဉ်ပေါင်(300-400 gm) ၁ ကီလိုဂရမ် ၁.၁၀၀ ဒေါ်လာ