မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 06/06/2023 - 03:20 -- mocadmin

   အိန္ဒိယအပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲ ( India International Jewellery Show – IIJS Premiere 2023 ) ကို အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Jio World Convention Centre ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Bombay Exhibition Centre ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း နေရာ ၂ ခုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များမှ မြန်မာပြခန်းဆောင်များဖြင့် ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသို့ ပြည်တွင်းမှ လာရောက်လေ့လာဝယ်ယူသူ ၃၅,၀၀၀ ဦးနှင့် နိုင်ငံပေါင်း ၆၀ ကျော်မှ လာရောက်လေ့လာသူ ၁၀၀၀ ဦးကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားပါကြောင်းနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ကျောက်မျက်ရတနာပြပွဲဖြစ်ကြောင်း သိရှိရသည်။

   ပြခန်းကုန်ကျစရိတ်များနှင့် ခရီးသွားလာစရိတ်များအား ပြပွဲပါဝင်ပြသသူများကိုယ်တိုင် ကျခံ ရမည်ဖြစ်ပါသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်များ