မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၈-၇-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၈၅၁၉၅.၆၅၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၃.၅၀၀)သန်း၊ နယ်စပ်မှ (၁၃၇၁၃၆.၇၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၂.၂၀၃)သန်း၊ စုစုပေါင်း (၅၂၂၃၃၂.၄၂၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၉၅.၇၀၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၈-၇-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၈-၇-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၈၂.၆၉၇ | ၅.၈၇၆ | ၈၈.၅၇၃ | |
| ကီလို | ၁၀၁၇၈၀.၀၁၆ | ၆၃၀၇.၅၁၀ | ၁၀၈၀၈၇.၅၂၆ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၃၉.၃၈၃ | ၆၂.၃၂၁ | ၂၀၁.၇၀၄ | |
| ကီလို | ၁၇၄၃၅၁.၉၂၈ | ၈၉၀၀၅.၈၉၃ | ၂၆၃၃၅၇.၈၂၁ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၅.၃၇၂ | ၀.၁၇၈ | ၅.၅၅၀ | |
| ကီလို | ၇၃၂၄.၇၈၅ | ၂၆၃.၅၀၀ | ၇၅၈၈.၂၈၅ | |||
| ၅ | ကုလားပဲ | US$ | ၁၁.၆၂၄ | ၀.၀၂၇ | ၁၁.၆၅၁ | |
| ကီလို | ၁၆၇၅၆.၂၁၅ | ၄၃.၀၀၀ | ၁၆၇၉၉.၂၁၅ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၉.၇၁၄ | ၁.၁၉၉ | ၁၀.၉၁၃ | |
| ကီလို | ၁၃၃၀၇.၇၄၅ | ၃၀၂၅.၇၅၃ | ၁၆၃၃၃.၄၉၈ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၈.၄၀၄ | ၇.၉၇၂ | ၂၆.၃၇၆ | |
| ကီလို | ၂၅၀၂၆.၀၁၈ | ၁၂၆၃၈.၄၆၁ | ၃၇၆၆၄.၄၇၉ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၄.၁၉၃ | ၂.၉၆၄ | ၁၇.၁၅၇ | |
| ကီလို | ၁၆၄၀၆.၇၀၂ | ၅၄၉၂.၇၀၀ | ၂၁၈၉၉.၄၀၂ | |||
| ၉ | ပဲယင်း | US$ | ၁၁.၈၀၉ | ၃.၂၅၁ | ၁၅.၀၆၀ | |
| ကီလို | ၁၆၀၆၉.၈၈၆ | ၇၀၉၉.၈၅၀ | ၂၃၁၆၉.၇၃၆ | |||
| ၁၀ | ပဲကြီး | US$ | ၂.၉၂၇ | ၁.၂၅၇ | ၄.၁၈၄ | |
| ကီလို | ၄၁၄၂.၀၃၀ | ၂၃၀၀.၄၂၀ | ၆၄၄၂.၄၅၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
| ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၂၆၂ | ၀.၀၀၀ | ၀.၂၆၂ | |
| ကီလို | ၃၇၆.၇၀၀ | ၀.၀၀၀ | ၃၇၆.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
| ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၇၉ | ၀.၀၀၀ | ၀.၁၇၉ | |
| ကီလို | ၂၅၃.၆၇၀ | ၀.၀၀၀ | ၂၅၃.၆၇၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၅၀၀ | ၀.၀၀၀ | ၃.၅၀၀ | |
| ကီလို | ၄၇၀၆.၆၇၀ | ၀.၀၀၀ | ၄၇၀၆.၆၇၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
| ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၁ | ၀.၄၇၁ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၁ | ၀.၀၉၁ | ||
| ကီလို | ၁၁၁.၂၅၀ | ၁၁၁.၂၅၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၂၇ | ၅.၁၄၁ | |
| ကီလို | ၁၅၂၇.၆၀၀ | ၃၉၆၄.၀၅၀ | ၅၄၉၁.၆၅၀ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၁၁ | ၀.၀၀၀ | ၀.၅၁၁ | |
| ကီလို | ၉၁၀.၇၅၄ | ၀.၀၀၀ | ၉၁၀.၇၅၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၀၃.၅၀၀ | ၉၂.၂၀၃ | ၃၉၅.၇၀၃ | ||
| ကီလို | ၃၈၅၁၉၅.၆၅၄ | ၁၃၇၁၃၆.၇၆၇ | ၅၂၂၃၃၂.၄၂၁ | |||
