မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၂-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၄၂၀၁၄.၈၀၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉.၉၇၉)သန်း၊ နယ်စပ်မှ (၇၆၂၃.၂၇၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၀၅၄)သန်း၊ စုစုပေါင်း (၁၄၉၆၃၈.၀၇၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၇.၀၃၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၁၂-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၁၂-၁၁-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၆၉.၇၈၁ | ၂.၂၁၁ | ၇၁.၉၉၂ | |
| ကီလို | ၇၉၉၄၆.၇၃၂ | ၁၉၄၆.၁၉၀ | ၈၁၈၉၂.၉၂၂ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၃.၂၄၁ | ၀.၈၄၆ | ၂၄.၀၈၇ | |
| ကီလို | ၂၆၉၇၀.၄၁၅ | ၁၃၂၉.၂၆၈ | ၂၈၂၉၉.၆၈၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၃၄ | ၀.၀၃၄ | ||
| ကီလို | ၃၂.၀၀၀ | ၃၂.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၁.၁၃၆ | ၀.၀၀၀ | ၁၁.၁၃၆ | |
| ကီလို | ၁၅၆၅၇.၃၄၉ | ၀.၀၀၀ | ၁၅၆၅၇.၃၄၉ | |||
| ၅ | ကုလားပဲ | US$ | ၀.၇၀၄ | ၀.၀၀၀ | ၀.၇၀၄ | |
| ကီလို | ၁၀၂၀.၁၃၉ | ၀.၀၀၀ | ၁၀၂၀.၁၃၉ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၀.၆၈၄ | ၀.၀၁၅ | ၀.၆၉၉ | |
| ကီလို | ၇၄၀.၅၁၃ | ၃၂.၂၅၀ | ၇၇၂.၇၆၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၁.၆၉၅ | ၀.၀၂၁ | ၁.၇၁၆ | |
| ကီလို | ၂၃၇၅.၃၈၂ | ၃၃.၀၀၀ | ၂၄၀၈.၃၈၂ | |||
| ၈ | ထောပတ်ပဲ | US$ | ၀.၄၄၀ | ၀.၀၀၀ | ၀.၄၄၀ | |
| ကီလို | ၇၅၆.၅၀၀ | ၀.၀၀၀ | ၇၅၆.၅၀၀ | |||
| ၉ | ပဲယင်း | US$ | ၂.၇၇၆ | ၀.၀၀၀ | ၂.၇၇၆ | |
| ကီလို | ၄၂၃၆.၂၃၅ | ၀.၀၀၀ | ၄၂၃၆.၂၃၅ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၀၂ | ၀.၀၀၀ | ၀.၁၀၂ | |
| ကီလို | ၁၈၆.၁၁၈ | ၀.၀၀၀ | ၁၈၆.၁၁၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၃၁၆ | ၀.၃၁၆ | ||
| ကီလို | ၅၁၄.၇၆၉ | ၅၁၄.၇၆၉ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၀၇၉ | ၀.၀၀၀ | ၀.၀၇၉ | |
| ကီလို | ၁၂၆.၀၀၀ | ၀.၀၀၀ | ၁၂၆.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၂၁၃ | ၀.၀၀၀ | ၀.၂၁၃ | |
| ကီလို | ၃၂၆.၄၇၅ | ၀.၀၀၀ | ၃၂၆.၄၇၅ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
| ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၈ | ၀.၀၉၈ | ||
| ကီလို | ၁၄၄.၂၅၄ | ၁၄၄.၂၅၄ | ||||
| ၂၀ | မြေပဲဆံ | US$ | ၈.၇၄၃ | ၃.၇၉၁ | ၁၂.၅၃၄ | |
| ကီလို | ၉၀၇၀.၀၃၉ | ၄၀၁၁.၃၀၉ | ၁၃၀၈၁.၃၄၈ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၆၉ | ၀.၀၀၀ | ၀.၀၆၉ | |
| ကီလို | ၈၈.၁၃၅ | ၀.၀၀၀ | ၈၈.၁၃၅ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၁၉.၉၇၉ | ၇.၀၅၄ | ၁၂၇.၀၃၃ | ||
| ကီလို | ၁၄၂၀၁၄.၈၀၁ | ၇၆၂၃.၂၇၁ | ၁၄၉၆၃၈.၀၇၂ | |||
Source: Customs
