ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပေးနိုင်မည့် ကလဂုတ်စီမံကိန်း

Fri, 12/13/2019 - 08:38 -- admin_ygn

    Mon State Investment Fair 2019 ၏  Site Visit ခရီး စဉ်ဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကလဂုတ် စီမံကိန်းဧရိယာသို့ ဒီဇင်ဘာ ၁ ရက်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် သွား ရောက်ခဲ့သည့် ခရီးစဉ် အတွေ့အကြုံများအား ရေးသားခြင်း ဖြစ်သည်။ ကလဂုတ်စီမံကိန်းဧရိယာကို အကောင်အထည်ဖော် ဆောင်ရွက်သည့် အဓိကကုမ္ပဏီမှာ Southern Myanmar Develop-ment Co.,ltd ဖြစ်ပြီး ကုမ္ပဏီသုံးခု (Bedok Construction and Engineering Co.,ltd - Myanmar 34% ,  Asiatech Power Pte Co.,ltd -Singapore 33% , Siam Gas Power Pte Co.,ltd- Thailand 33%)  ပါဝင်ကြောင်း၊ Registration No. 101448770  ဖြင့် 22nd November 2017 တွင် ကုမ္ပဏီခွင့်ပြုမိန့် ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

       Southern Myanmar Development Co.,ltd က လက်ရှိဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း Produce and sell 10 MW electricity by diesel generators ကို ကျေးရွာပေါင်း ၁၄ ရွာ၊ အိမ်ခြေ ၁၄၅၁၈ သို့ ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ ဖြန့်ဖြူးပေးလျက်  ရှိပြီး ဝန်ထမ်း ၃၃ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်နှစ်ခု ရှိသည့်အနက် Pipeline jetty and construction of fuel storage tank လုပ်ငန်းကို   စင်ကာပူနိုင်ငံနှင့် Third Party အဖြစ် ဆောင်ရွက်ပြီး နိုင်ငံခြားကုမ္ပဏီကိုးခုထဲမှ ဒီဇိုင်းအပေါ် အခြေခံပြီး ရွေးချယ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းလုပ် ငန်းဆောင်ရွက်ပါက အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၁၉၅ ဦး ခန့်ရှိမည်ဖြစ်ကြောင်း၊  Floating storage unit for storage of LPG as transit point လုပ်ငန်းအားမည်သည့် Construction မှ ဆောက်လုပ်စရာမလိုဘဲ LPG သင်္ဘောတစ်စင်းဖြင့် ထုတ် လုပ်ပြီး Local (10%) နှင့် Transit (90%) ကို သီလဝါသို့ သင်္ဘောအသေးများဖြင့် သယ်ယူပြီး လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။   

       CSR Activity အဖြစ် ကျေးလက်လမ်း ဖောက်လုပ်ခြင်း နှင့် သဘာဝဘေးဒဏ်ခံရသည့် နေရာများအား ကူညီဆောင် ရွက်ပေးခဲ့ကြောင်း၊  Southern Myanmar Development Co.,ltd မှ ဆက်လက်၍သားငါးကဏ္ဍ၊ အိမ်ရာစီမံကိန်း၊ စက်မှု ဇုန်နှင့် ဆိပ်ကမ်းတစ်ခုအပါအဝင် စီမံကိန်းများ ဆောင်ရွက် ခြင်းဖြင့်  SEZ ဇုန်တစ်ခုအဆင့်အထိ  ဖြစ်ပေါ်လာအောင် ကလဂုတ်စီမံကိန်းဧရိယာအား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ Project General  Manager ဦးမျိုးတင့်ဇော်က တင်ပြခဲ့ပြီး အမြဲတမ်းအတွင်း ဝန်က လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များအား  ဌာန သို့ အသေးစိတ်တင်ပြရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

 

ဝင်းမြတ်(ရာမညကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages