ရန်ကုန်မြို့၏ ဆန်ဈေးကွက်အခြေအနေ

Wed, 08/21/2019 - 08:04 -- admin_ygn

        သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ဧည့်မထဆန် ထိပ်စတစ်အိတ် ကျပ် ၁၉၈၀၀-၂၀၂၀၀ (USD 267-272 Per ton)၊ ဧည့်မထဆန် လတ်စတစ်အိတ် ကျပ် ၁၈၃၀၀-၁၈၅၀၀ (USD 247-249 Per ton) ဖြင့် ဝယ်ရောင်းကုန်သည်များနှင့် Expoter များမှဝယ်ယူခဲ့သည်။ ဧည့်မထဆန်လတ်စမှာ ကုန်စည်ဒိုင်သို့ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားနည်းကြောင်း၊ ရန်ကုန် ဘုရင့်နောင် ဆန်ပွဲရုံများတွင် ပေါ်ကျွဲဆန်နှင့် ပေါ်ဆန်းဆန်တို့အဝင်နည်းနေကြောင်း၊ ရွှေဘိုပေါ်ဆန်းဆန်မှာပွဲရုံသို့ အဝင်နည်းသော် လည်း ဝယ်လိုအားပုံမှန်ရှိခြင်းကြောင့် ဈေးမြှင့်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ ယခုတစ်ပတ် သြဂုတ် ၁၂ ရက်မှ ၁၅ ရက်ထိ  ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုမှာ  စုစုပေါင်းအိတ်ရေ ၈၃၇၄၆ အိတ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)သို့ ဧရာဝတီတိုင်းဒေသကြီး  နယ်စုံမှ ဆန်ဝင် ရောက်မှုမှာ စုစုပေါင်းအိတ်ရေ ၉၀၉၉၇ အိတ်ဝင်ရောက်ခဲ့သည်။

       ယခုတစ်ပတ် ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၏ သြဂုတ် ၁၅ ရက်ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်  ဆန်း တစ်အိတ် ကျပ် ၆၀၀၀၀-၆၂၅၀၀၊ ပေါ်ဆန်းရှယ်စတစ်အိတ်  ကျပ် ၃၈၀၀၀-၄၀၀၀၀၊ ရက်၉၀ တစ်အိတ် ကျပ် ၂၁၅၀၀-၂၂၀၀၀၊ သီးထပ်ရှယ်တစ်အိတ် ကျပ် ၂၀၀၀၀-၂၀၈၀၀ တို့ဖြစ်သည်။ ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၁၅၀၀-၆၀၀၀ ဈေးမြင့်တက်လာပြီး  ဆန်ကြမ်း ဖြစ်သည့် ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၁၀၀၀-၅၀၀ဈေးမြင့်တက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ နယ်စုံ ပေါ်ဆန်း၊ ပေါ်ကျွဲ၊ ဧည့်မထတို့မှာ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်လျက် ပုံမှန်သာ အရောင်းအဝယ်ရှိကြောင်း သိရသည်။  

ချောစုမာ(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)

Local Trade News

Pages