မြေဆီလွှာပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ မြေစစ်ဆေးမှုများ အခမဲ့ပြုလုပ်ပေးမည်

Wed, 08/21/2019 - 06:36 -- admin_ygn

     မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍  တောင်သူ လယ်သမားများအနေဖြင့်   မိမိမြေကို စစ်ဆေးလိုပါက မြန်မာ နိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အခမဲ့စမ်း သပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်း လှိုင်က ပြောသည်။ သြဂုတ် ၁၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရုံး၌ ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “တောင် သူတွေက မြေသြဇာပက်တယ်။ မြေဆီလွှာတွေ ဆုံးရှုံးပြီး ပျက်စီးနေတဲ့အနေအထားရှိတယ်။ ဒါတွေကို ဘယ် လိုပြုပြင်မလဲ။ မြေဆီလွှာက အရေးကြီးတယ်။   မြေဆီလွှာ ပြုပြင်ဖို့  ကိုယ့်ရဲ့မြေအနေအထားသိဖို့လိုတယ်။ ကိုယ့်ရဲ့ မြေ အနေအထားနဲ့ စိုက်မယ့်သီးနှံ ဘယ်လိုလိုက်လျောညီထွေဖြစ်ဖို့ လိုတယ်ဆိုတာ သိဖို့လိုတယ်။ ဒါကြောင့်   တောင်သူတွေကို အကူအညီပေးပါတယ်”ဟု ၎င်းက ပြောသည်။

       မိမိလယ်ယာမြေ အခြေအနေကိုသိရှိလိုသော တောင် သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းရုံးသို့  မြေနမူနာများကို ပေးပို့၍ အခမဲ့စစ်ဆေးနိုင်သည်ဟု ဆိုသည်။ ယင်းသို့ လယ် သမားများထံမှ ပေးပို့လာသော မြေနမူနာများကို ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးပို့စစ်ဆေးလျက်ရှိပြီး မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အသင်းဝင်များမှ သာမက အသင်းဝင်မဟုတ်သော တောင် သူလယ်သမားများ ကိုပါ စစ်ဆေးနိုင်ရန်   လက်ခံပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။ “အထူးသဖြင့် လယ်တစ်ဧကမှာရှိတဲ့မြေကို လေးထောင့် ကန့်လန့်ဆွဲပြီးတော့ ကျွန်တော်တို့ကို မြေနမူနာပေးရင် ကျွန်တော် တို့ကစမ်း သပ်ပြီး သူ့ရဲ့မြေအနေအထားကို ပြန် ပြောင်းပြီး ဘယ်လိုပြုပြင်၊  ဘယ်လိုစိုက်ရင်ရမလဲဆိုတာကို ကူညီပေးနေပါတယ်။  မြေဆီလွှာစစ်ဆေးပေးတယ်ဆိုတာက အသင်းဝင်မှ မဟုတ်ပါဘူး။ မည်သူမဆို တောင်သူ လယ်သမား ဖြစ်ရင် ပြီးရောစစ်ဆေးလို့ရပါတယ်။ သူ့ရဲ့မြေ ဘယ်ဒေသမှာ ရှိတယ်။ ဒေတာအချက်အလက်နဲ့မြေကြီးနမူနာကို  ဘယ်သူပဲ လာပေးပေး၊ လာပေးတဲ့သူကို စစ်ဆေးပေးပါတယ်”ဟု၎င်းက ပြောသည်။

     လက်ရှိတွင် ကြို့ကုန်းရှိ စိုက်ပျိုးရေး ဦးစီးဌာနကို ယင်း မြေများကို ပု့ိဆောင်၍ အဖြေရရှိပါက  အကြောင်းပြန်ပေးပြီး စမ်းသပ်ခများကိုလည်း အသင်းကကျခံပေးကာ  မြေလာပေး  သည့် ကုန်ကျစရိတ်သာ  တောင်သူများ ဘက်က ကုန်ကျခံရ သည်ဟုဆိုသည်။ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူ များအသင်းအနေဖြင့် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ကော့မှူး၊ ကွမ်းခြံကုန် းစသည့်ဒေသများရှိ  တောင်သူလယ် သမားများ၏ မြေနမူနာများကို  စစ်ဆေးပေးလျက်ရှိပြီး ယင်းသို့ စစ်ဆေးရာတွင် နိုက်ထရို ဂျင်လွန်ကဲမှုကြောင့် ပျက်စီးမှု ဖြစ် ပေါ်နေသည့် မြေအမျိုးအစားများကို တွေ့ရှိရကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages