ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲစိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Tue, 12/19/2017 - 08:34 -- admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရတနာပုံကုန်သွယ်မှု ဗဟိုဌာနမှကြီးမှူးကျင်းပသည့် ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲ စိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေး နွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက အဖွင့်အမှာစကား ပြောကြား ရာတွင် မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး အသားတင် စိုက်ပျိုးမြေဧရိယာ ၇ ဒသမ ၃ သိန်းကျော်ရှိ ရာမှာ ယာမြေနှင့်ကိုင်းကျွန်းမြေ စုစုပေါင်း ဧရိယာဧက ၆ ဒသမ ၄ သိန်းနီး ပါးရှိတဲ့အတွက် ၈၇ ရာခို င်နှုန်းလောက် အထိလယ်ယာထွက်ကုန်သီးနှံများဖြစ် တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံ၊ အစေ့ထုတ် ပြောင်း စသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း၊ လူဦးရေ ၈ ဒသမ၇ သိန်းအနက် ၇၀ ရာခိုင်နှုန်းသော ကျေး လက်နေပြည်သူများဟာ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ၂၀၁၇-ခုနှစ်သြဂုတ်လတွင် အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူရေးမူဝါဒ ပြောင်းလဲ ကျင့်သုံးလိုက်တဲ့အတွက် မြန်မာနိုင်ငံ မှာရှိတဲ့ တင်ပို့သူကုန်သည်ရော၊ စိုက် ပျိုးထုတ်လုပ်သူ တောင်သူများပါ ပဲဈေး နှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်နေကြရပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရ ကြောင်း၊ အစိုးရပိုင်းအနေနဲ့လည်း ပဲမျိုးစုံ ကဏ္ဍအလိုက် ရှေ့ဆက်ဆောင် ရွက်ရ မယ့် လုပ်ငန်းတာဝန်များနဲ့ သီးနှံအစား ထိုးပြောင်းလဲ စိုက်ပျိုးရန် ကိစ္စများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့သည်။
         ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေး မှူး ဦးမျိုးသူမှ ကမ္ဘာတွင်အများဆုံး စိုက်ပျိုးသည့် သီးနှံမှာကြံဖြစ်ပြီး သကြား သည် ကမ္ဘာ့စားသုံးမှုအများ ဆုံးဖြစ် ကြောင်း၊ ဒုတိယအများဆုံးသီးနှံမှာ အစေ့ထုတ်ပြောင်းဖြစ်ကြောင်း၊ ပဲအမျိုးပေါင်း ၄၀ မှ ၅၀ရှိသည့် အနက် ပြည်ပသို့တင်ပို့ နေသည့် ပဲသီးနှံမှာ၂၀ ခန့်ရှိကြောင်း၊ အများဆုံးတင်ပို့သည့် သီးနှံများမှာ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပဲတင်ပို့မှုသည် အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းကို မှီခိုနေရ ကြောင်း၊ ယခုအခါ အိန္ဒိယက ဝယ်ယူမှု ကန့်သတ်လိုက်သည့်အတွက် ပဲဈေးကွက်ပျက်ခဲ့ရကြောင်း၊ သို့ပါ၍ ပဲလွန်းဖြူ၊ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲယင်း၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့် အလားအလာရှိသည့်သီးနှံများ၏ ဈေးကွက်အခြေအနေ၊ ဖြစ်ပေါ်နေသော ဈေးနှုန်း၊ စားသုံးမှုအခြေအနေများကိုရှင်းလင်း၍ မိမိဒေသနှင့် ကိုက်ညီသည့် ပဲများ အားရွေးချယ် စိုက်ပျိုးရန် ရှင်း လင်းတင်ပြခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့် ဇော်ဦးက လက်ရှိပဲမျိုးစုံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေသော အခြေအနေများအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြောင်းလဲ စိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ အခြေအနေများကိုလည်းကောင်း၊ မြင်းခြံ ခရိုင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပဲစိုက်ပျိုးမှု အခြေအနေများ အား လည်းကောင်း ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

မျိုးသီတာ(မြင်းခြံ)

Local Trade News

Pages