ပြည်တွင်းရွှေဈေးများ အနည်းငယ်ကျဆင်း

Fri, 12/01/2017 - 06:59 -- admin_ygn

       ပြီးခဲ့သည့်ရက်သတ္တပတ်က မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြည် တွင်းရွှေဈေး ကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးများမြင့်တက်လာေ သာ်လည်း ပြည်တွင်း ငွေလဲနှုန်းများ ငြိမ်သက်နေသဖြင့် ပြည်တွင်းရွှေဈေးများသည် အနည်းငယ်ပြန်လည်  ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ကမ္ဘာ့ရွှေဈေး ကွက်တွင် အရောင်းအဝယ်  အများအပြားဖြစ်ခဲ့သဖြင့် ကမ္ဘာ့ရွှေဈေးများမြင့်တက်ခဲ့ကာ ယခုတစ်ပတ်အထိ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း သိရသည်။" ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက နည်းနည်းပြန်ကျလာတယ်။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀ နားကို ကပ်လာပေမယ့် ပြည်တွင်းငွေလဲနှုန်းက ငြိမ်နေတာကြောင့် ပြည်တွင်းရွှေဈေးက လိုက်ပြီးတက်မလာတာပါ။ ကမ္ဘာ့ဈေး ကွက်မှာတော့ တန်ချိန် ၂၀၀ လောက် အရောင်းအဝယ်ဖြစ် သွားတဲ့အတွက် ဈေး မြင့်တက်လာရတာပါ။ ပြည်တွင်းဈေးကွက်မှာတော့ အရောင်းအဝယ်က ပုံမှန် အတိုင်းပါပဲ။ အထည်ပိုင်းကတော့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဝယ်ရောင်းသမား တွေကတော့ ဈေးကျသွားတယ်ဆိုရင် နည်းနည်းပြန်ငြိမ်သွားကြတယ်။ ဈေးတက် မယ်လို့ထင်ကြမှ အရောင်းအဝယ်က ပြန်သွက်လာတာပါ"ဟု ရွှေကုန်သည်ဦးစံမြင့် ကဆိုသည်။
          ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် နိုဝင်ဘာ ၂၀ ရက်က ကျပ် ၉၃၆၀၀၀ရှိခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ကျပ် ၉၃၂၀၀၀ သို့ အနည်း ငယ်ကျဆင်းသွားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင် အနည်းင ယ်ပြန်လည်မြင့်တက် လာခဲ့ကာ ကျပ် ၉၃၄၀၀၀ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် နိုဝင်ဘာ ၂၀ ရက် က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၂ ရှိခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် တွင် အမေရိကန်ဒေါ်လာ ၁၂၈၀ ရှိခဲ့သည်။ နိုဝင်ဘာ  ၂၄ ရက်တွင် ပြန်လည် မြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ ၁၂၉၂ ရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages