တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နှမ်းပိုမိုတင်ပို့

Wed, 08/16/2017 - 07:13 -- admin_ygn

        ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၈ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ နှမ်း ရောင်စုံ ၃၂၃၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၆၂၉၇၇ တန်ဖိုး ရှိ နှမ်းရောင်စုံ တန် ၆၀ ခွဲကို ထိုင်း နိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ နှမ်းတင်ပို့မှု မရှိဘဲ မူဆယ် နဲ့ ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၆၁ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် တရုတ်နယ်စပ်မှတစ်ဆင့် နှမ်း ၃၇၁တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စ ည်ဒိုင်မှာ ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၈ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူ တစ်တန်ဈေး ၁၃၇၀၅၁၈ ကျပ်နဲ့ နှမ်းနက်ဈေး၂၁၆၇၃၃၁ ကျပ်ရှိတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်တင်ပို့ခဲ့တဲ့ နှမ်း ရောင်စုံတွေကို စခန်းအလိုက် တန်ချိန်အရေအတွက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

မော်မော်အောင်

Border Trade News

Pages