တရုတ်နဲ့ ထိုင်းသို့သာမက အိန္ဒိယနိုင်ငံသို့ပါ သီဟိုဠ်စေ့တင်ပို့

Thu, 07/06/2017 - 04:08 -- admin_ygn

     မြန်မာ-တရုတ် နယ်စပ်ရဲ့  အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၆ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့ လာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်မှာ သီဟိုဠ်စေ့တင်ပို့မှုမရှိပေမယ့် ယခင်တစ်ပတ်က တန် ၂၀ ကျော် တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်နဲ့ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်များမှ သာမက အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၄ တန်ကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။                                                                            
        ခင်မိုးသူ

Border Trade News

Pages