အိန္ဒိယနယ်စပ်မှ ကွမ်းသီးပိုမိုတင်ပို့

Tue, 05/16/2017 - 07:30 -- admin_ygn

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ် ရေးစခန်းများမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၆၃ တန် တင်ပို့ ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကွမ်းသီးတန်ချိန် ၆၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၃ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၅၅ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး တစ်မျိုးသာ တင်ပို့ခဲ့ သော်လည်း တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် စီးကရက်၊ ပန်းသီး၊ အုန်းသီးနဲ့ နန့်ဖာလုံအမယ်စုံကို တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Border Trade News

Pages