၂၀၁၆ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဝက်အရှင် ခြောက်သောင်း နီးပါးကို တရားဝင်ပို့ကုန်/သွင်းကုန်ဆောင်ရွက်နိုင်ခဲ့

Mon, 03/13/2017 - 07:26 -- admin_ygn

ရှမ်းပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်၊ သြဂုတ်မှစ၍  တရားမဝင် ကုန် သွယ်မှု လျော့နည်းကျဆင်းရေးနှင့် ရသင့် ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ရှိနယ်စပ်ဝင်ပေါက် များ ကြီးကြပ်ရေး ပြည်နယ်ကိုယ်စား လှယ်ကို ခန့်အပ်တာဝန်ပေးဆောင်ရွက် ခဲ့ပြီးနောက် တာချီလိတ် ကုန်သွယ် ရေးစခန်းမှ ဝက်အရှင် အကောင်ရေ ၅၈၈၀၀ ကို ပို့ကုန်သွင်းကုန် လိုင်စင် ထုတ်ပေးနိုင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ကျပ်၁၁၅၂ ဒသမ ၁၁ သန်းကျော် တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
၂၀၁၆ခုနှစ်၊ အောက်တိုဘာမှ ဖေဖော်ဝါရီအထိ ဝက်အရှင်ကောင်ရေ ၇၈၀၀ ကို တရားဝင်လိုင်စင်ဖြင့် တင် သွင်းခဲ့ပြီး ဝက်အရှင်အကောင်ရေ ၅၈၈၀၀ ကို ပို့ကုန်လိုင်စင်ဖြင့် တင်ပို့ ခဲ့ကြောင်း၊ ယခင်ကဝက်အရှင်များကို မဲခေါင်မြစ်ကြောင်းမှ တရားမဝင် တင် သွင်းမှုသာရှိခဲ့ပြီး ယခင်နှစ်များက လည်း ယခုကဲ့သို့ ဝက်အရှင်များတရား ဝင်တင်သွင်းခြင်း၊ တင်ပို့ခြင်းကို မတွေ့ ရှိခဲ့ကြောင်းနဲ့ ရှမ်းပြည်နယ်အစိုးရ၏ နယ်စပ်ဝင်ပေါက်များ ကြီးကြပ်ရေး ကိုယ်စားလှယ်ထားရှိ စီမံ ဆောင်ရွက်ခဲ့ ခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ ဖေဖော် ဝါရီလအထိ အကောက်ခွန်ဆိုင်ရာ ရငွေမှာ ၁၁၈ ရာခိုင်နှုန်းအထိ လျာ ထားချက်ကို ကျော်လွန်ရရှိနေပြီဖြစ် ကြောင်း၊ တာချီလိတ်မြို့နယ်၊ အကောက် ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရသိရသည်။
မင်းအောင်(တောင်ကြီး)

 

Border Trade News

Pages