ပင်လယ်ရေကြောင်းမှ နနွင်းဆက်တိုက်ဆိုသလို တင်ပို့လာ

Tue, 02/21/2017 - 05:08 -- admin_ygn

        ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှဖေဖော်ဝါရီ ၅ရက်မှ ၁၁ရက်အထိ သီတင်းပတ်အတွင်း နနွင်း၁၆၇ဒသမ၉၉တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း (ရှမ်းစ) ၆၁တန်ကို စင်ကာပူနိုင်ငံသို့လည်းကောင်း၊ နနွင်း ၃၁ ဒသ မ  ၉၉ တန်ကို ယူအေအီးနိုင်ငံသို့လည်းကောင်း၊ နနွင်း(ရှမ်းစ)၇၅တန်ကို မလေးရှားနိုင်ငံသို့လည်း ကောင်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့တန်ချိန် ၁၃၀ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၀ကျော်ပိုမို တင် ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီတတိယ သီတင်းပတ်မှစပြီးတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်အထိ ဆက်တိုက် တင်ပို့နေတယ်လို့ သိရပါတယ်။ နနွင်းတစ်တန်ကို ပျမ်းမျှအမေရိကန် ဒေါ်လာ ၆၇၀-၆၇၅ရရှိခဲ့တာကြောင့် စုစုပေါင်း ကန်ဒေါ်လာ ၁၁၃၃၉၃ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Border Trade News

Pages