ပြည်တွင်းရွှေဈေး တစ်ပတ်အတွင်း ကျပ်နှစ်သောင်းကျော် ကျဆင်း

Fri, 12/30/2016 - 04:25 -- admin_ygn

       ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်နှစ်သောင်းကျော် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရခြ င်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း ဆက်လက်ကျဆင်းလာ သဖြင့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။
       "ဒီတစ်ပတ်ထဲမှာ ပြည်တွင်းငွေလဲ နှုန်းကလည်း ကျလာတယ်။ ကမ္ဘာ့ရွှေ ဈေးကလည်း ကျဆင်းလာတဲ့အတွက် ပြည်တွင်းရွှေဈေးက လိုက်ပါကျဆင်းလာရ တာဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးကျလာတဲ့အတွက် ဈေးကွက်ထဲ မှာ အရင်တစ်ပတ်ကထက် ပိုပြီးအရောင်းအဝယ်ဖြစ်လာတယ်။ ဒါပေမယ့် အခုလိုအကျကြမ်းလာတဲ့အတွက် ရွှေဈေးကွက်ထဲမှာ တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်တယ်"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည် တွင်းရွှေဈေးသည် ဒီဇင်ဘာ ၁၉ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ်၈၆၆၅၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၂ ရက်တွင် ကျပ် ၈၅၅၀၀၀ သို့ ကျဆင်းခဲ့ သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ကျပ် ၈၄၄၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့သ ည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၉ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၁၃၉ ရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၂ ရက်တွင် ၁၁၃၂ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၁၁၃၄ ဒေါ်လာသို့ အနည်းငယ်ပြန်လည်ြ မင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages