ထိုင်းနိုင်ငံ အမျိုးသားဆန်စပါးကော်မတီသည် စပါးစိုက်တောင်သူများသို့ ထောက်ပံ့ပေးမည့် အစီအစဉ်အား အစိုးရအဖွဲ့ သို့ တင်ပြမည်

         ထိုင်းနိုင်ငံ အမျိုးသားဆန်စပါး ကော်မတီသည် ပြည်တွင်း၌ ဆန်စပါး ဈေးကျဆင်း၍ တောင်သူလယ်သမားများ၏ ထိခိုက်နစ်နာမှုများကို ကူညီရန်အတွက် ထောက်ပံ့ပေးမည့်အစီအစဉ် (ဥပမာ-Pledginglike Scheme) ကို အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လက်ရှိအချိန်တွင် ဟုန်မာလီ စပါးတစ်တန်လျှင် ဘတ် ၉၇၀၀ ခန့် ရှိရာ ကော်မတီအနေဖြင့် ဟုန်မာလီ စပါးဈေးနှုန်းကိုလက်ရှိ ပေါက်ဈေး ထက်ကျော် လွန်၍ တစ်တန်လျှင် စုစုပေါင်း ၁၁၅၂၅ ဘတ်နှုန်းသတ်မှတ် မည်ဖြစ်သည်။ ယင်းသတ်မှတ်ဈေးနှုန်း ၁၁၅၂၅ ဘတ်တွင် အချိန်ကာလ အတိုင်း အတာတစ်ခုထိ သိုလှောင်ထိန်းသိမ်းမှု အတွက် ဘတ် ၈၇၃၀ ကို သတ်မှတ် သဖြင့် လက်ရှိပေါက်ဈေး၏ ၉၀ ရာခိုင် နှုန်းရှိသည်။ စပါးသစ်ပေါ်ချိန်တွင် သိုလှောင်ထိန်းသိမ်းရန် အခက်အခဲ ရှိ၍  ချက်ခြင်း  ရောင်းချလိုသည့် တောင်သူများအနေဖြင့် စပါးတစ်တန် အတွက် အထွေထွေကုန်ကျစရိတ် ၁၂၉၅ ဘတ်နှင့် လက်ရှိပေါက်ဈေးဘတ် ၉၇၀၀ စုစုပေါင်းဘတ် ၁၀၉၉၅ နှုန်း သာရရှိမည်ဖြစ်သည်။ တောင်သူလယ်သမားများသည် ကော်မတီ၏သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ပြန် လည်ပေးဆပ်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက အတိုး အတွက်ကိုပါ ပေးဆပ်ရမည် ဖြစ်ပါသည်။ အစိုးရ၏စပါးဝယ်ယူရေး အတွက် ဘဏ္ဍာငွေဆိုင်ရာလုပ်ငန်း များကို စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးသမ ဝါယမဘဏ်ကအဓိက စီစဉ်ဆောင် ရွက်မည်ဖြစ်ပါသည်။
         ထိုင်းနိုင်ငံ၌ ဟုန်မာလီစပါးစိုက် ပျိုးသည့် လယ်သမားနှစ်သန်းအတွက် စုစုပေါင်းဘတ် ၂၇ ဒသမ ၂ ဘီလီယံ ကို သုံးစွဲမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ဟုန်မာလီစပါးတန်ချိန် ၁၀ သန်းခန့် ထွက်ရှိနိုင်ကြောင်း၊ ထွက်ရှိမည့် စပါး၏ ၉၀ ရာခိုင်နှုန်းကို ယခုလတွင် ရိတ်သိမ်း ၍ ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းကို ဒီဇင် ဘာလတွင် ရိတ်သိမ်းကြမည်ဖြစ်ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့