ပြည်ပသို့တင်ပို့မည့်တိရစ္ဆာန်များနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်း များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်

Tue, 07/12/2016 - 06:22 -- admin_ygn

ပြည်ပသို့တင်ပို့မည့်  တိရစ္ဆာန်များနှင့် ပတ်သက်သည့်  စည်းမျဉ်း စည်းကမ်းများကို  မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန  မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ   ထုတ်ပြန်လိုက်တယ်လို့ သိရ ပါတယ်။  တင်ပို့နိုင်တဲ့ တိရစ္ဆာန် များကတော့  ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊  မြင်း၊ ဝက်၊ ခွေးနဲ့ ကြောင်တို့ဖြစ်ပြီး တင်ပို့တဲ့ ရည်ရွယ်ချက်ကတော့   မွေးမြူရန်နဲ့  စားသုံးရန်ဖြစ်ပါတယ်။တင်ပို့ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကတော့   တင်ပို့လိုတဲ့ တိရစ္ဆာန်များနဲ့အတူ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုထုတ်  ပေးထားတဲ့  သက်တမ်း မကျော်တဲ့ ပို့ကုန်လိုင်စင်နဲ့သက်ဆိုင်တဲ့ ပြည့် စုံသော    ဖော်ပြချက်များ  (သို့) သက်သေ ခံ မှတ်တမ်းအပြည့်အစုံ ဖော်ပြချက်ပါရှိသည့်    သက်သေခံလက် မှတ်နှင့်    တင်ပို့မှုကို လက်ခံသော နိုင် ငံတော်  လိုအပ်ချက်ပေါ်  မူတည်၍  တိရစ္ဆာန် အမျိုးအစားအလိုက်  ကူးစက် ရောဂါ စစ်ဆေးထိန်း ချုပ်ရေးစခန်းတွင် (၁၀ ရက်မှ ၆၀) ရက်အထိ  ထိန်းသိမ်း ထား ရှိရမည်။    တင်ပို့မှုကို  လက်ခံသော နိုင်ငံမှ လိုအပ် ချက်အရ  ကူးစက်ရောဂါများ ကင်းရှင်းမှု  အခြေအနေ  ဖော်ပြ သော ဓာတ်ခွဲခန်း    စစ်ဆေးမှုထောက်ခံ ချက်တို့    ပူးတွဲ ပါရှိရမယ်လို့   အဆိုပါ စည်းကမ်း   သတ်မှတ်ချက်မှာ  ဖော်ပြ ထားပါတယ်။
ဒါ့အပြင်တင်ပို့သောအကြိမ် တိုင်း ကျွဲ ၊နွား၊ သိုး၊ ဆိတ်၊ မြင်း၊ ဝက်၊ ကြက်၊ ခွေး၊ ကြောင် တိရစ္ဆာန်များအတွက်သတ်မှတ်နှုန်းထားများ အတိုင်း  အခကြေးငွေ  ပေးဆောင်ရမှာ ဖြစ်ပါတယ်။အလား တူ  တိရစ္ဆာန်၊  တိရစ္ဆာန် ထွက်ပစ္စည်းနဲ့  တိရစ္ဆာန်အစာ  တင်ပို့ ခြင်း အတွက်  ကုန်သွယ်ရေးဦးစီးဌာနရဲ့ ပို့ကုန်လိုင်စင်၊    တင်ပို့မယ့်  တိရစ္ဆာန် ထွက်ပစ္စည်းနဲ့  တိရစ္ဆာန်အစာများကို နမူနာရယူပြီး  ဓာတ်ခွဲခန်း  စစ်ဆေး မှုများ  ပြုလုပ်ခြင်း၊  ပြည်ပသို့  တင်ပို့တဲ့ အကြိမ်တိုင်းဌာနမှ  သတ်မှတ်ထားတဲ့ အခကြေးငွေများ    ပေးဆောင်ရမယ်လို့ ဖော်ပြပါရှိပါတယ်။
လိုအပ်တဲ့  စာရွက်စာတမ်းများ၊ ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြည့်စုံပါက ဌာနမှ  ထောက်ခံချက်လက်မှတ်  ထုတ် ပေးမယ်လို့  အဆိုပါ  ထုတ်ပြန်ချက် ထဲမှာဖော်ပြထားပါတယ်။  ထုတ်ပြန် ထားတဲ့  စည်းမျဉ်းစည်းကမ်း အသေး စိတ် ကို  သိရှိလိုပါက  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့  ဆက်သွယ် မေးမြန်းနိုင်ကြောင်း   သတင်းရရှိပါ တယ်။

ခင်မိုးသူ

 

Border Trade News

Pages