ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရက်သတ္တပတ်အတွင်း ဆန်ရော၊ ဆန်ကွဲပါ ပိုမိုတင်ပို့

Mon, 07/04/2016 - 07:25 -- admin_ygn

 

ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၇၀၁ သန်းဖိုးရှိ ဆန်ဖြူ ၁၂၈၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ကုန်သွယ်ရေး စခန်းအလိုက်တင်ပို့မှုများ မှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၆၃၀၀၊ဧည့်မထ ဆန် တန် ၂၁၅၀၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန်   ၁၉၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၄၁၄၄ တန်ကျော်နဲ့ ကန်ပိုက် တီး ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိကာလ အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅၃၇ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၂၁၂၄၅ တန်တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ဧည့်မထ တန် ၁၀၀၀၊အီးယူနိုင်ငံများသို့ ပေါင်းဆန် တန် ၃၀၀ နဲ့ ဧည့်မထ ၄၄၅ တန်၊ ယူအေအီးနိုင်ငံသို့ ဧည့်မထဆန် ၁၉၃၀၀ တန်နဲ့ ငစိန်ဆန် ၁၂၅ တန် ၊ စင်ကာပူနိုင်ငံသို့  ပေါင်းဆန် ၇၅ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယူအေ အီးနိုင်ငံသို့ တန်ချိန်များစွာ တင်ပို့နိုင် တဲ့အတွက်ယခင်တစ်ပတ် တင်ပို့မှုထက် တန်ချိန် ၁၇၈၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲကိုလည်း ပိုမိုတင်ပို့ခဲ့ရာ တရုတ် နိုင်ငံသို့ ၂၇၅ တန်နဲ့ အီးယူနိုင်ငံများသို့ တန်ချိန် ၈၃၅၀၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ၃၇၁ သန်းဖိုး ရှိ ဆန်ကွဲ ၈၆၂၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ဆန်ကွဲ ၅၁၇၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ရောဆန်ကွဲပါ ပိုမိုတင်ပို့နိုင်ပါတယ်။
ယဉ်ယဉ်အေး

Border Trade News

Pages