မောတောင် ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံး ကာလထက်ရောယမန်နှစ် ကာလတူထက်ပါ ကုန်သွယ်မှုပိုမို

Tue, 06/07/2016 - 08:22 -- admin_ygn

    မြန်မာ-ထိုင်းနယ်စပ်ရှိ  မော တောင်ကုန်သွယ်ရေးစခန်းမှာ ၂၀၁၆ ခုနှစ်မေလအတွင်း  ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်း၊ သွင်းကုန်ကန် ဒေါ်လာ  သုည  ဒသမ  ၀၄၀ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှု ပမာဏ ကန်ဒေါ်လာ သုည  ဒသမ  ၁၅၆ သန်း  ရရှိခဲ့ပါတယ်။  အနီးစပ်ဆုံး ကာလထက်  ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ  ၀၀၉ သန်း၊သွင်းကုန်ကန်ဒေါ်လာ သုည  ဒသမ ၀၂၁ သန်း၊ကုန်သွယ်မှု ပမာဏ  ကန်ဒေါ်လာ  သုည ဒသမ  ၀၃၀ သန်းပိုမိုခဲ့ပါတယ်။   ယမန်နှစ် ကာလတူထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၃ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ၀၂၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းပိုမိုခဲ့ပါတယ်။
              အနီးစပ်ဆုံးကာလထက်  ပို့ကုန် ပိုမိုရခြင်းမှာ ရေထွက်ကုန်  ပိုမိုတင်ပို့ နိုင်၍ဖြစ်ပြီး သွင်းကုန်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးနဲ့  လူသုံးကုန်ပစ္စည်း ပိုမို တင်သွင်းနိုင်လို့  ဖြစ်ပါတယ်။ ယမန်နှစ် ကာလတူထက်  ပို့ကုန်ပိုမို ရခြ င်းမှာ ရေထွက်ကုန်နဲ့  စက်မှုကုန်ချောပိုမို တင်ပို့နိုင်၍ဖြစ်ပြီး သွင်းကုန်ပိုမိုရခြင်းမှာ  လုပ်ငန်းသုံးနဲ့  လူသုံးကုန်ပစ္စည်းများ ပိုမိုတင်သွင်းနိုင်လို့ ဖြစ်ပါတယ်။ မောတောင် ကုန်သွယ်ရေးစခန်း မှ မေလအတွင်း ကင်းမွန်၊ ငါးမျိုးစုံ၊ ကဏန်း၊ သဲကဏန်း၊ ကနုကမာ၊ ငါးမှုန့် နဲ့ တံမြက်စည်းများ  အများဆုံး တင်ပို့ နိုင်ခဲ့ပြီး ပလတ်စတစ်ပစ္စည်း၊  ပေါင်းသတ်ဆေး၊ပန်းသီး၊လိမ္မော်သီးနဲ့ စပျစ်သီးတို့  အများဆုံး တင်သွင်းခဲ့ပါ တယ်။

 

ခင်မြနွယ်

Border Trade News

Pages