မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းနဲ့မြိတ်ကုန်သွယ်ရေး စခန်းများမှရေထွက်ကုန်ပိုမိုတင်ပို့

Fri, 06/03/2016 - 08:38 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၆ ခုနှစ် မေ ၁၄ ရက်မှ ၂၀ ရက်အတွင်း ကန် ဒေါ်လာ ၃ ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၈၆၂
 တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်း ယှဉ်ပါက ၈၂၉ တန်ကျော်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၁၉၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၄၄ တန်ကျော်နဲ့ ကဏန်း ၃၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၃၅ တန်ကျော် ပိုမိုတင်ပို့နိုငခဲ့ပါတယ်။  ကော့သောင်း ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၃၃၃ တန်ကျော်၊ ပုစွန် ၁၁ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၇ တန် ကျော်၊ ကင်းမွန် ၆ တန်၊ ရေဘဝဲ ၂ တန် ကျော်နဲ့ ကဏန်း ၆၀၀ ကီလိုဂရမ် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်း ယှဉ်ပါက ၂၁၅ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ  ကန် ဒေါ်လာ ၂ ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့     ငါးမျိုးစုံ ၁၂၅၄ တန်ကျော်၊ ငါးမှုန့် ၁၀၇၅ တန်၊ ရေငန်ပုစွန် ၁၇ တန်ကျော်၊ ပုစွန် ခြောက် ၁ တန်ခွဲ ၊ကဏန်းသေး (အသေ) ၂ တန်ခန့်နဲ့ ကင်းမွန် ၁ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၇၈ တန်ခန့် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။
ခင်မြနွယ်

Border Trade News

Pages